Thursday, June 28, 2018

လစဉ်ကြေးပေးမှ မင်ဘာဝင်လို့ရမယ့် ဂရုတွေကို facebook စတင်စမ်းသပ်နေပြီ


လစဉ်ကြေး အခကြေးငွေပေးမှ မင်ဘာဝင်လို့ရမယ့် Group တွေကို facebook က ရှေ့ပြေးအဖြစ် စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။

အဖွဲ့ဝင်ဖြစ်သူမှန်သမျှ ၀င်ကြေးပေးရမယ့် Group နဲ့ ၀င်ကြေးအခမဲ့ဖြစ်ပေမယ့် Group မှတင်ထားတဲ့ ထူးခြားတဲ့ သတင်းအချက်အလက်တွေကိုဖတ်ချင်ကြည့်ချင်ရင် အခကြေးငွေပေးရမယ့် Group ရယ်လို့ အတန်းအစားခွဲခြားသတ်မှတ်ထားမှာဖြစ်မယ်လို့သိရပါတယ်။

"Group ကိုတည်ထောင်သူတွေအနေနဲ့ အဲဒီ Group အတွက် အချိန်တွေ လုပ်အားတွေ ရင်းနှီးထားကြရတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲဒီတော့ သူတို့အနေနဲ့ ရေရှည်ဆက်ပြီးလုပ်ကိုင်နိုင်ကြအောင်နဲ့ အဖွဲ့ဝင်ပရိသတ်တွေ ပိုရလာနိုင်စေအောင် ကူညီပေးစေချင်တယ်လို့ ကျွန်တော်တို့ကို ပြောလာကြတာတွေရှိနေပါတယ်"လို့ facebook ရဲ့ Group များဆိုင်ရာ ထုတ်လုပ်မှုဒါရိုက်တာ Alex Deve ကပြောပါတယ်။

"လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဟာ ဂရုအက်ဒမင်တွေကို အဲဒီလို ကူညီထောက်ပံ့ပေးနိုင်မယ့် ရှေ့ပြေးဂရု အနည်းငယ်ကို စပြီး စမ်းသပ်အကောင်အထည်ဖော်နေပါပြီ"လို့လဲ Alex Deve ကပြောပါတယ်။

အဲဒီလို စမ်းသပ်နေတဲ့ ရှေ့ပြေးဂရုတွေထဲမှာ Declutter My Home ဆိုတဲ့ ဂရုတစ်ခုလဲအပါအ၀င်ဖြစ်တယ်လို့သိရပါတယ်။ ခုဆိုရင် အဲဒီ ဂရုမှာ ပါဝင်ဖို့အတွက် တစ်လကို ၁၅ ဒေါ်လာပေးရတော့မှာဖြစ်ပါတယ်။ အဲဒီလို အခကြေးငွေပေးပြီး ဂရုအဖွဲ့ဝင်ဖြစ်သွားရင် သီးသန့် Live ဗီဒီယိုဖိုင်တွေ၊ နည်းပညာဆိုင်ရာ ညွှန်ကြားချက်တွေကို ကြည့်နိုင်ဖတ်နိုင်ကြမှာဖြစ်ပါတယ်။

ဂရုမင်ဘာအဖြစ် အဖွဲ့ဝင်ချင်ရင် အခမဲ့လား အခကြေးငွေနဲ့လားဆိုတာကို ရွေးချယ်နိုင်တဲ့ နောက်ထပ် စမ်းသပ် ရှေ့ပြေးဂရုတစ်ခုကတော့ Grown and Flown Parents ဆိုတဲ့ ဂရုဖြစ်တယ်လို့သိရပါတယ်။

လောလောဆယ် စမ်းသပ်ကာလမှာတော့ မင်ဘာအဖွဲ့ဝင်ကြေးအဖြစ်သွင်းလာတဲ့ ငွေကြေးတွေကို facebook က အခွန်သဘောမျိုးဖြတ်တောက်မှု မရှိပါဘူးလို့သိရပါတယ်။

ref: Facebook is testing paid monthly subscriptions for Groups
Popular News Journal

0 comments:

Post a Comment