Monday, June 25, 2018

စာရေးဆရာ မောင်သွေးချွန် မင်းကင်း ရဲစခန်းတွင် လာရောက်အဖမ်းခံ


နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် စာရေးဆရာမောင် သွေးချွန်သည် ယနေ့နံနက်ပိုင်းက မင်းကင်းမြို့မရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့ပြီး မင်းကင်းမြို့ နယ်တရားရုံးက ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

"မနက် ၉နာရီလောက်က သွားရောက်အဖမ်းခံပါတယ် ။ ဒေသခံ မဘသဆရာတော်တွေက အကူအ ညီပေးပါတယ်။ ဒီနေ့ပထမအကြိမ်ရုံးထုတ်ပါ " ဟု စာရေးဆရာမောင်သွေးချွန်အား လိုက်ပါကူညီ ဆောင်ရွက်ပေးသည့် ဒေသခံ ကိုကျော်မင်းအောင်ကပြောသည်။

မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာတွင် ဧပြီ ၂၅ရက်က ပြုလုပ်ခဲ့သည့် ဟောပြောပွဲတွင် ဒုသမ္မတတစ်ဦး ၊ အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ များသည် ခရစ်ယာန် ဘာသာဝင်များဖြစ်ကြပြီး အခြားဘာသာခြားမူဆလင်များ မြှောက်ပေးနေကြောင်း ခရစ်ယာန်နှင့် မူဆလင် ပေါင်းကာ ဗုဒ္ဓဘာသာကို အမြစ်ပြတ်ချေမှုန်းရေး စီမံကိန်းစတင် အကောင်အထည် ဖော်နေပြီဟု ထည့်သွင်းဟောပြောခဲ့ခြင်းဖြစ်သည်။

စာရေးဆရာမောင်သွေးချွန်၏ ဟောပြောမှုများသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် အတွက် ဥပဒေနှင့်အညီ အရေးယူပေးရန် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးနိုင်နိုင်ဇော်က တရားလိုပြုလုပ်၍ မေလ ၂၁ရက်နေ့က မင်းကင်းမြို့နယ်တရားရုံးသို့ ဦး တိုက်လျှောက်ထားခဲ့ပြီး တရားရုံးက အမှုလက်ခံခဲ့သည်။

ယနေ့ ပထမဆုံးရုံးချိန်းတွင် တရားလိုဖြစ်သူ ဒုဦးစီးမှူး ဦးနိုင်နိုင်ဇော်အား စတင်စစ်ဆေးခဲ့ပြီး ဇူလိုင်လ ၃ ရက်တွင် ဒုတိယအကြိမ် ရုံးချိန်းပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

ယခင် မဘသ အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သူ စာရေးဆရာမောင်သွေးချွန်သည် အမျိုးသားရေးစာရေးဆ ရာအဖြစ် လူသိများပြီး ၎င်းတည်ထောင်သည့် မဘသအဖွဲ့ဝင်ဟောင်းများပါဝင်သည့် မျိုးချစ်ပါတီ လျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။

Photo - Facebook
The Fifth Wave News

0 comments:

Post a Comment