Tuesday, June 19, 2018

မလေးရှားသို့ အလုပ်သွားလုပ်မည့် မွတ်ဆလင်(၈)ဦးထဲမှ (၇) ဦးကို မြေပုံမြို့ နယ်၌ ရဲတပ်ဖွဲ့ ဖမ်းဆီး


မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်ဆိုသော ရည်ရွယ်ချက်ဖြင့် မင်းပြားမြို့ နယ်မှ ထွက်လာသော မွတ်ဆလင်(၈) ဦးပါအဖွဲ့ ထဲမှ (၇) ဦးကို ရဲတပ်ဖွဲ့ က မြေပုံမြို့ နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ဇွန်လ ၁၉ ရက်က သတင်းထုတ်ပြန်ချက်အရ ဇွန်လ ၁၈ ရက်ညနေပိုင်း ၄ နာရီခန့် တွင် မြေပုံမြို့နယ်၊ ရေခေါင်း ချိန်ကျေးရွာ၌ မွတ်စလင်(၈)ဦးတွေ့ရှိကြောင်း အရပ်ဘက်က သတင်းပေးသောကြောင့် ကမ်းထောင်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများမှာ မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာနေ အာမောက်(၁၇)နှစ် ပါ ကျား(၇)ဦးဖြစ်ပြီး ၄င်းတို့ နှင့်အတူ ပီပင်ရင်းကျေးရွာနေ လိုးကလို့စ်(စိစစ်ဆဲ) အပါအဝင် ပေါင်း ၈ ဦးတို့သည် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာမှ အမျိုးသားတစ်ဦးမောင်းနှင်သည့် စက်လှေဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ၄င်းတို့ တင်ဆောင်လာခဲ့သော စက်လှေမောင်းသူက အမည်မသိကမ်းစပ်၌ ၎င်းတို့ (၈) ဦးအား ကမ်းပေါ်သို့ တင်ပို့ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း စစ်မေးချက်များအရ သိရသည်။

၎င်းတို့ (၈) ဦးကလည်း မသွားတတ်မလာတတ်ဖြင့် တောင်ခြေရင်း၌ သွားလာနေစဉ် လူများဝိုင်းအုံလာကြ၍ အတူပါလာသူ လိုးကလို့စ်မှာ ကြောက်လန့်၍ ထွက်ပြေးသွားပြီး ၎င်းတို့ ၇ ဦးမှာ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် နယ်မြေရဲစခန်းမှတစ်ဆင့် မြေပုံမြို့မရဲစခန်းသို့ပို့ဆောင်၍ လဝကအက်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

မိုးတိမ်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment