Wednesday, June 6, 2018

ကိုယ်ပျောက်တိုက်လေယာဉ် ၄ စီး ဗြိတိန် လေတပ်စခန်းကို ရောက်ရှိ


နည်းပညာမြှင့် F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၄ စီးဟာ ဗြိတိန်နိုင်ငံ၊ နော့ဖော့ ကောင်တီက လေတပ်စခန်းတခုကို ဇွန် ၆ ရက်နေ့မှာ ရောက်ရှိလာပါတယ်။

ဒီတိုက်ယာဉ်တွေဟာ အမေရိကန်နိုင်ငံ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ဗြူးဖော့ဒ်မြို့က မရိန်းလေတပ်စခန်းကနေ ပျံသန်းလာတာပါ။

ဗြိတိန်ဟာ Lockheed Martin Corp က ထုတ်ပြီး ၁ စီးကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်တဲ့ ဒီလေယာဉ်မျိုး ၁၃၈ စီးအထိ ဝယ်မယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

အဲဒီလေယာဉ်တွေကို Queen Elizabeth လေယာဉ်တင်သင်္ဘော တည်ဆောက်ပြီးတာနဲ့ သင်္ဘောပေါ်မှာ ဖြန့်ကြက်ချထားမယ်လို့ ယူဆရပါတယ်။

F-35 လေယာဉ်ကို သုံးမျိုးထုတ်ထားပါတယ်။ အမေရိကန်လေတပ်နဲ့ မဟာမိတ်တွေအတွက် အေမော်ဒယ်၊ မရိန်းတပ်ဖွဲ့နဲ့ ဗြိတိန်အတွက် တာတိုပျံတက်နိုင်ပြီး ထောင်လိုက် ဆင်းသက်နိုင်တဲ့ ဘီမော်ဒယ်နဲ့ လေယာဉ်တင်သင်္ဘောမှာသုံးဖို့ ကိုက်ညီတဲ့ F-35C ဂျက်လေယာဉ်အမျိုးအစားတွေ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment