Thursday, June 7, 2018

ရခိုင်အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးအဖြစ် ဦးတိုးအောင်အား ခန့်အပ် ရခိုင်ပြဿနာကို နိုင်ငံသားများ ညီညွတ်စွာရပ်တည်ဖြေရှင်းရန် ဦးတိုးအောင် တိုက်တွန်း


ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အကြံပေးအဖြစ် ကုလသမဂ္ဂ တွင်စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဌာနမှူး တာဝန်နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူ ဦးတိုးအောင် အား ခန့်အပ်တာဝန်ပေးခဲ့သည်။


အဆိုပါကော်မတီ၏ လုပ် ငန်းတာဝန်များကို ကူညီပံ့ပိုး နိုင်ရေး ဦးတိုးအောင်အား ကော် မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင် ခံရုံးက ဇွန်လ ၆ ရက်တွင်သတင်း ထုတ်ပြန်သည်။
   
အသက် (၇၄)နှစ်အရွယ် ဦးတိုးအောင်သည် ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို ဦးဘ၀င်း ၏  သမီးငယ် ဒေါ်ခင်မြ၀င်း၏ ခင် ပွန်းဖြစ်သည်။ ထို့အပြင် UEHRD  ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်၊ နိုင်ငံတော် အ တိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေတို့နှင့် ကျောင်းနေဖက် သူ ငယ်ချင်းဖြစ်သည်။
 
 ‘‘အန်ကယ်ပင်စင်ယူခဲ့တာ က ၂၀၀၆ လောက်ကတည်းကယူ ခဲ့တာ။ ယူတုန်းကတော့ဝိပဿနာ တရားလေးနဲ့ပဲ နေတော့မယ်ဆို ပြီးတော့ UN ပင်စင်လေးနဲ့ လင် မယားနှစ်ယောက် အေးအေးဆေး ဆေးနေတာပါပဲ။  ဒါပေမဲ့လို့ကိုယ့်တိုင်းပြည်အရေးသူများတွေလုပ် ကိုင်နေတဲ့ဟာ မြင်တဲ့အခါကျ တော့ ကိုယ်ကဘေးထိုင်နေရတာ နည်းနည်းဟိုဟာဖြစ်တော့ ကဲ...၀ိုင်းကူပါဦးဆိုတဲ့အခါကျတော့ ၀ိုင်းကူတဲ့သဘောပါပဲ’’ ဟု ဦးတိုးအောင်က UEHRD ကော်မတီဥက္ကဋ္ဌအကြံပေးအဖြစ် တာဝန်ယူ ခြင်းနှင့်ပတ်သက်၍ 7Day Daily သတင်းစာအားပြောသည်။
   
ဦးတိုးအောင်သည် ရန်ကုန်  စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရပြီး နောက် ကုန်သွယ်ရေးဝန်ကြီးဌာန တွင် ၁၂ နှစ်တာဝန်ထမ်းဆောင် ခဲ့သည်။ ထို့နောက်ကုလသမဂ္ဂ တွင် နှစ် ၂၀ ကျော် တာဝန်ထမ်း ဆောင်ပြီး အာဖရိကနိုင်ငံအချို့၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယား အပါအ၀င် အာရှနိုင်ငံအချို့၊ ကုလသမဂ္ဂရုံးချုပ်တို့တွင် ဘဏ္ဍာ ရေးနှင့် စီမံကိန်းပိုင်းတာဝန်များ ထမ်းဆောင်ခဲ့သည်။
   
ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာတွင် အမြင်တိမ်း စောင်းနေမှုများကို တတ်နိုင်သမျှ အမှန်တရား ဖော်ပြနိုင်ရေးကြိုး ပမ်းရန် ရည်မှန်းထားကြောင်း ဦးတိုးအောင်ကပြောသည်။
   
‘‘ဒီအရေးဟာတစ်တိုင်းပြည် လုံးရဲ့အရေးပါ။ ရခိုင်ဆိုတာ လည်း ကိုယ့်ရဲ့ အမျိုးသားတွေပဲ လေ။ နောက်ဟိုဘက်မှာ ဖြစ်ပေါ် နေတဲ့ ပြဿနာတွေဆိုတာလည်း သမိုင်းကြောင်းကနေလာခဲ့တဲ့ ပြဿနာတွေဆိုတော့ ဒီကိစ္စမှာ တစ်ယောက်နဲ့ တစ်ယောက် သဘောထားမကွဲဘဲနဲ့ ညီညီ ညွတ်ညွတ်ရပ်တည်ပြီးတော့ အ
ပြင်နိုင်ငံတွေကနေ နည်းနည်းအ မြင်မှား တိမ်းစောင်းနေတာလေး တွေကို စည်းစည်းလုံးလုံးနဲ့ ဖြေ ရှင်းကြသင့်တယ်။ တညီတညွတ် တည်းရပ်တည်ကြသင့်တယ်’’ ဟု ဦးတိုးအောင်က ပြောသည်။
   
ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားအချင်းချင်း အ ငြင်းမပွားဘဲ ညီညွတ်စွာ ဆောင် ရွက်နိုင်မည်ဆိုပါက လုပ်ငန်းများ အောင်မြင်မည်ဟု ၎င်းကဆို သည်။
   
ARSA အကြမ်းဖက်အဖွဲ့က ရဲကင်းစခန်းများကို တစ်ပြိုင် ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့် ရခိုင်ပြည်နယ် မောင်တောဒေသ ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ် များအပြီး ၂၀၁၇  အောက်တိုဘာ ၁၇ ရက်တွင် UEHRD ကော်မတီ ကို ဖွဲ့စည်းခဲ့သည်။
   
UEHRD ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးဆောင်ရွက်မည့် ကဏ္ဍ စုံလုပ်ငန်းစဉ်များတွင် ပြည်တွင်း၊  ပြည်ပ အဖွဲ့အစည်းများ၊ မိတ် ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေ ဂျင်စီများ ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ရန်ရည်ရွယ်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များတွင် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများထိရောက်စွာပေး နိုင်ရေး၊ ပြန်လည်နေရာချထား ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး ဆောင်ရွက်ရန် တို့ပါဝင်သည်။


ဦးတိုးအောင် (ဓာတ်ပုံ − Toe Oung / FB)
7Day

0 comments:

Post a Comment