Wednesday, June 6, 2018

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်တွင်းပြည်ပလေ့လာစောင့်ကြည့်သူများကို ဖိတ်ခေါ်


လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်လို သူတွေ အနေနဲ့ စတင်လျှောက်ထားနိုင်ပြီလို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်လိုသူတွေဟာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ကို ဇွန်လ ၆ ရက်ကစပြီး အောက်တိုဘာ ၁၈ ရက်အထိ  ရွေးကောက်ပွဲ ကော်မရှင်မှာလျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်တွင်းလေ့လာစောင့်ကြည်သူ ၂၀၆၂ ဦးနဲ့  ပြည်ပက နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၃၁၂ ဦး ရှိခဲ့တယ်လို့ ကော်မရှင်ထံက သိရပါတယ်။  

လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment