Monday, October 1, 2018

အင်းလေးကန်ဇုန်ဝင်ကြေး ရုတ်တရက် တိုးကောက်သဖြင့် ပြည်နယ်အစိုးရသို့ အကြံပြုချက်ပေးပို့မည်ဟုဆို


အင်းလေးကန်ဇုန်ဝင် ကြေးကောက်ခံရာတွင် ခရီးသွား လုပ်ငန်းများကို ကြိုတင်အသိ ပေးခြင်းမရှိဘဲ တိုးမြှင့်ကောက်ခံ သဖြင့် ရှမ်းပြည်နယ်အစိုးရသို့ အ ကြံပြုချက်ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း အထွေထွေအတွင်း ရေးမှူး ဦးနောင်းနောင်းဟန်က ပြောသည်။ 
အင်းလေးကန်ဇုန်ဝင်ကြေး ကောက်ခံရန် ပုဂ္ဂလိကလုပ်ငန်း တစ်ခုက စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၂,၇၇၉ သန်းကျော်ဖြင့် လေလံအောင်မြင်ခဲ့ပြီး ဇုန်ဝင် ကြေးကို အောက်တိုဘာ ၁ ရက်ကစ၍ ကျပ် ၁၃,၅၀၀ မှ ၁၅,၀၀၀ သို့ တိုးမြှင့်ခဲ့သည်။ 

‘‘ဒီကုမ္ပဏီက တင်ဒါအောင် တာလည်း မကြာသေးဘူးလေ။ အဲဒါကို ချက်ချင်းတိုးပြီး ကောက်ခံ လိုက်တော့ ခရီးသွားလုပ်ငန်းတွေ အတွက် အခက်အခဲရှိလာတာ ပေါ့။ အောက်တိုဘာ ၂ ရက်မှာ အသင်း အစည်းအဝေးလုပ်ပြီး တော့ လုပ်ငန်းရှင်တွေအားလုံး ကိုယ်စား ရှမ်းပြည်နယ်အစိုးရကို အကြံပြုချက်အနေနဲ့ တင်ပြသွား မှာပါ’’ဟု ဦးနောင်းနောင်းဟန်က ပြောသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည့် တင်ဒါစည်းကမ်း များအရ အင်းလေးကန်ဇုန်ဝင် ကြေးကောက်ခံရန် လုပ်ကိုင်ခွင့် ရရှိသူသည် နိုင်ငံခြားသားတစ်ဦး လျှင် ကျပ် ၁၅,၀၀၀ ပုံသေထား ကောက်ခံခွင့်ရှိကြောင်း ဖော်ပြ ထားသော်လည်း ကြိုတင်အ ကြောင်းမကြားဘဲ ရုတ်တရက် တိုးမြှင့်ကောက်ခံခြင်းကြောင့် ခရီးသွား လုပ်ငန်းများနှင့် ဧည့် လမ်းညွှန်များ အခက်အခဲဖြစ်စေ ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းရှင်များအသင်း (ရှမ်းတောင် ဇုန်)ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ပြောသည်။ 

‘‘စာလည်း မဝင်၊ အကြောင်း လည်း မကြားဘဲ စကောက်တာ။ ပိုက်ဆံပေးရတာနှမြောလို့မဟုတ် ဘူး။ အလုပ်သဘောအရ မဖြစ် သင့်ဘူးလေ။ တစ်လ၊ နှစ်လ လောက်တော့ ကြိုပြီး ကြေညာ သင့်တာပေါ့။ လွန်ခဲ့တဲ့ သုံးလ လောက်ကတည်းက ခရီးစဉ်တွေ က ကြိုရောင်းထားတာ။ ဒီရောက် မှ ဝင်ကြေးက ၁၅,၀၀၀ ဖြစ်သွားပြီ ဆိုရင် ဧည့်သည်ကို ဘယ်လိုသွား တောင်းရမလဲ’’ဟု ၎င်းက ပြော ကြားသည်။ 

လေလံစည်းကမ်းများအရ ဇုန်ဝင်ကြေး ကောက်ခံမှုမှ ရရှိ သည့် ငွေများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ၄၅ ရာခိုင်နှုန်း၊ အင်းလေးကန် ထိန်းသိမ်းရေးအ တွက် ၄၅ ရာခိုင်နှုန်း၊ NGO နှင့် လူမှုအခြေပြုအဖွဲ့အစည်းများအ တွက် ၅ ရာခိုင်နှုန်းနှင့် ခရီးသွား ကဏ္ဍမြှင့်တင်ရေးရန်ပုံငွေအဖြစ် ၅ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ် ကြောင်း ဖော်ပြထားသည်။ 

7Day

0 comments:

Post a Comment