Tuesday, October 2, 2018

လူမှု​ရေးပင်​စင်ကို အသက် ၉၀ နှစ်အထက်မှ ၈၅ နှစ်အထိ လျော့ချသတ်မှတ်


လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​အတွင်း ဘိုးဘွား​တွေကို အသက်​ ၈၅ နှစ်​ထိ ​လျှော့ချ သတ်​မှတ်​ပြီး လူမှု​ရေးပင်​စင်​တွေ ထုတ်​​ပေးသွားမယ်​လို့ မကွေးတိုင်းဝန်ကြီးချုပ်က အပြည်​ပြည်​ဆိုင်​ရာ ဘိုးဘွားများ​နေ့မှာ ပြောပါတယ်။ 
မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုက “အသက်​ ၉၀ နှစ်​အထက်​ ဘိုးဘွား​တွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်​ကစပြီး နိုင်​ငံ​တော်​ရန်​ပုံ​ငွေက​နေ တ​လကို တသောင်းကျပ်​ ​ထောက်​ပံ့ပေးအပ်​ခဲ့တာပါ။ နိုင်​ငံတ၀န်းရှိ ဘိုးဘွား ၄ သောင်း​ကျော်​ကို လူမှု​ရေး ပင်​စင်​​ပေးခဲ့ပါတယ်​။ လာမယ့် ဘဏ္ဍာနှစ်​ကစလို့ အသက်​ (၈၅) နှစ်အထက်​ထိ ​လျှော့ချကာ ​ထောက်​ပံ​ပေးသွားဖို့ ​ဆောင်​ရွက်​​နေပြီ” လို့ပြောပါတယ်။ 

လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​မှာ အသက်​ ၈၅ နှစ်​အထက်​ ဘိုးဘွားများကို လူမှု​ရေးပင်​စင်​ ​ထောက်​ပံ့​ပေးဖို့ စာရင်း​တွေ ​ကောက်​ယူ​နေပြီလို့လည်း မ​ကွေးတိုင်း​ဒေသကြီး လူမှုဝန်​ထမ်းဦးစီးဌာန ညွှန်​ကြား​ရေးမှူး ​ဒေါ်နန္ဒာနွယ်​ဟန်​က ပြောပါတယ်။ 

“လက်​ရှိ အသက်​ ၉၀ အထက်​ဘိုးဘွား တ​​ယောက်​ကို တ​လ တ​သောင်းကျပ်​နှုန်းနဲ့ ၃ လ တ​ကြိမ် ​​အိမ်တိုင်ရာ​​ရောက်ေ​ပးပါတယ်​။ မ​ကွေးတိုင်းမှာ လူမှုဝန်​ထမ်းဦးစီးဌာန အသိမှတ်​ပြု ဘိုးဘွားရိပ်​သာ ၆ ခုမှာ ဘိုးဘွား ၂၀၀ ခန့်​ကို ​စောင့်ရှောက်​ထားပါတယ်​။ ဘိုးဘွားရိပ်​သာ​ တွေမှာကျန်းမာတဲ့ ဘိုးဘွား​တွေကိုဘဲ လက်​ခံ​စောင်​​ရှောက်​ကြပြီး ဂီလာန ဘိုးဘွားရိပ်​သာ​တွေ လည်း ရှိ​စေချင်​တယ်” 

မ​ကွေးတိုင်းအတွင်း အသက်​ ၉၀ နှစ်​အထက်​ ဘိုးဘွား​ ၄၀၀၀ ​ကျော်​ကို ၃ လတ​ကြိမ်​ လူမှု​ရေးပင်စင်​​ထောက်​ပံ့​ပေး​နေတာဖြစ်ပါတယ်​။ 

အသက်​ ၉၂ နှစ်​အရွယ်​အဘွား ​ဒေါ်ခင်​မမကြီးက “သားသမီး​တွေရှိပြီး ဘိုးဘွားရိပ်​သာ​ ရောက်​သွားကြတာ ပထမ​တော့ စိတ်​ဆင်းရဲပြီး ​စောင့်ရှောက်​မယ့်သူ​တွေကရှိ​နေ​တော့ စိတ်​ချမ်းသာရတာ​ပေါ့။ဂရုတစိုက်​ ပြုစု​စောင့်ရှောက်​သူ​တွေရှိလို့ ​တော်​​သေးတယ်​”လို့ ဆိုပါတယ်​။ 

မ​ကွေးမြို့ရှိ ဖန်​ခါး​မြေ ဘိုးဘွားရိပ်​သာမှာ ​အောက်​တိုဘာ ၁ ရက်​​ မနက်​ပိုင်းက အပြည်​ပြည်​ဆိုင်​ရာ အဘိုးဘွားများ​နေ့ အခမ်းနားပြုလုပ်​ပြီး ဘိုးဘွား ၆၉ ဦးကို ​ထောက်​ပံ့ ပစ္စည်း​တွေနဲ့ ဂါရဝပြု ကန်​​တော့ခဲ့ပါတယ်။ 

သတင်း-မင်းထီး
DVB

0 comments:

Post a Comment