Monday, October 1, 2018

ခပ်ချေချေ ရုပ်ရှင်မင်းသမီးအဖြစ် သရုပ်ဆောင်မယ့် မေမြင့်မိုရ်


‘ကြောက်ကြောက် ကြောက် ၂ ’ တွင် ဘ၀င်မြင့်သည့် ရုပ်ရှင်မင်းသမီးအဖြစ် သရုပ်ဆောင်ရန်ရှိကြောင်း မေမြင့်မိုရ် က ပြောသည်။ 
‘‘သရဲကားပေမယ့် ဟာသဘက်လည်း သွားတယ်ဆိုတော့ သူကထူးခြားတယ်။ မလုပ်ဖူး သေးတဲ့ ကာရိုက်တာပဲ။ အဲဒီကားမှာက ကိုနေတိုး၊ ကိုထွန်းထွန်း ပါတယ်။ ဟာသသရဲကားလေး ပေါ့’’ ဟု ၎င်းကပြောသည်။

ယခုနောက်ပိုင်း လာရောက် ကမ်းလှမ်းမှုများထဲတွင် ထူးခြားပြီး မလုပ်ဖူးသည့် စရိုက်များ ရွေးချယ်လက်ခံဖြစ်ကြောင်း ၎င်းက ပြောသည်။ 

‘‘နေရာကိုလည်း ကြည့်တယ်။ ကိုယ့်အတွက်လည်း လုပ် ကွက်ရှိရမယ်။ ပြီးတော့ ပရိသတ်တွေလည်း တစ်ခါမှ မမြင်ဖူးသေးတဲ့ ကာရိုက်တာနဲ့ တွေ့ရမယ်။ နောက်ပိုင်းကမ်းလှမ်းထားတဲ့ ကားတွေ၊ ရိုက်ကူးမယ့် ကားတွေမှာလည်း ချေတာတွေလည်းပါတယ်၊ ဟာသတွေလည်းပါတယ်။ မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေကို ပိုဦးစားပေးပြီး လုပ်ထားတယ်’’ဟု ၎င်းကပြောသည်။ 

လက်ရှိတွင် ဒါရိုက်တာ စတီးလ်ရိုက်ကူးသည့်၊ အလျှံပယ်ဇာတ်ကားတွင် အမြဲကြောက်လန့်နေသော မိန်းကလေးတစ်ဦးနေရာက ပါဝင်သရုပ်ဆောင်နေ သည်။ 

‘‘မေ မလုပ်ဖူးသေးတဲ့ ကာ ရိုက်တာပေါ့။ ထူးဆန်းတယ်။ အက်ရှင်တွေလည်း ပါတယ်။ အ မျိုးသမီးထုကို ဦးစားပေးရိုက်ထား တဲ့ ကားဖြစ်တဲ့အတွက် ထူးခြား မှု ရှိတယ်။ မခိုင်လေးရယ်၊ ညီမ ရယ်၊ မသက်မွန်ရယ်ပေါ့။ အ လင်းရောင်က မေ့ရဲ့ယောက်ျား။ ဟာသလေးတွေလည်း ပါတယ်။ ကိုယ်တောင်မှ ဇာတ်ညွှန်းဖတ်ရင်း နဲ့ ပုံဖော်တာ ရယ်ရတယ်’’ဟု ၎င်းကပြောသည်။ 

အလျှံပယ်ဇာတ်ကားကို ရိုက်ကူးရန် လွန်ခဲ့သည့် သုံးလခန့်ကတည်းက ကမ်းလှမ်းခံရပြီး ဒါရိုက်တာစတီးလ်နှင့် တိုင်ပင်ကာဇာတ်ကောင်စရိုက်နှင့် အလိုက်ဖက်ဆုံး ကြိုးစားသရုပ်ဆောင် မည်ဟု ၎င်းကဆိုသည်။

7Day

0 comments:

Post a Comment