အမေရိကန် အဆိုတော် Lancifer နှင့် စုံတွဲစီးရီးခွေကို အောက်တိုဘာ ၁၄ ရက်တွင် ဖြန့် ချိမည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။ ‘‘Mini Album ပေါ့။ သီချင်း ငါးပုဒ်ပါမယ်။ Miracle ကို ပြန် ထည့်ထားတယ်။ Lancifer နဲ့ အစ်မနဲ့ နောက်ထပ်သီချင်းအ သစ်လေးပုဒ်ပါတယ်’’ဟု မုန်တိုင်းဟု အမည်ပေးထားသည့် ယင်း အခွေအကြောင်း ၎င်းက ပြောသည်။
ယင်းအခွေကို CD နှင့် DVD တစ်ပြိုင်တည်း ဖြန့်ချိမည်ဖြစ်ပြီး Miracle ကဲ့သို့ မြူးမြူးကြွကြွ သီချင်းများ ပါဝင်မည်ဟု ၎င်းက ဆိုသည်။ Miracle သီချင်းကို ဖြူဖြူကျော်သိန်းက အမေရိကန် အဆိုတော် Lancifer, Wendell Ray တို့နှင့် တွဲဖက်သီဆိုထားခြင်း ဖြစ်ပြီး မတ်လအတွင်းက ဖြန့်ချိ ခဲ့သည်။
‘‘သီချင်းအသစ်က စုံတွဲနှစ် ပုဒ်၊ သူတစ်ယောက်တည်းတစ် ပုဒ်၊ အစ်မက တစ်ပုဒ်ပါတယ်။ အစ်မရဲ့ သီချင်းက Still Believe in Love (အချစ်ကို ယုံကြည်နေ ဆဲပါ)။ သီချင်းတွေက ကပြား သီချင်းတွေ။ နှစ်ယောက်စလုံး မြန်မာလိုရယ်၊ ဘိုလိုရယ် ဆိုထား တယ်’’ဟု ဖြူဖြူကျော်သိန်းက ပြောသည်။
လှည့်တန်းစင်တာ၌ ယင်းအ ခွေကို စတင်ဖြန့်ချိသည့်နေ့တွင် ပရိသတ်များနှင့် တွေ့ဆုံ၍ သီချင်းများ သီဆိုဖျော်ဖြေမည်ဟု ၎င်းက ပြောသည်။
‘‘Native Speaker ဆိုတဲ့ စကားကို နောက်ရင်း နောက်ရင်း နဲ့ နိမိတ်ဖတ်သလိုဖြစ်ပြီး Native Speaker အစစ်တွေနဲ့ သူငယ် ချင်းတွေဖြစ်ပြီး Native Speaker သီချင်းတွေကို Native Speaker လိုဆိုတော့တာ’’ဟု ဖြူဖြူကျော် သိန်းသည် ယခင်နှစ်များက ၎င်း၏ အင်တာဗျူးတစ်ခု၌ ဖြေကြားဖူးသော Native Speaker စကား လုံးဂယက်နှင့် ပတ်သက်၍ အမှတ်တရပြောသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်း က ၎င်း၏ Fan Page စာမျက်နှာ တွင် တင်ထားသည့် အချို့မြို့များ ၌ ပြုလုပ်သည့် ဖျော်ဖြေပွဲများကို ၎င်းက သွားရောက်မသီဆိုလို ကြောင်း ငြင်းပယ်သည်ဟု ကြားခံလူများက ပြောကြားသည့်အပေါ် ဖြေရှင်းဖြစ်သည့်အကြောင်းကို ‘‘အစ်မ ၁၅ နှစ်လုံးလုံးကတော့ ကြုံဖူးတယ်။ ဒါပေမဲ့ အခုမှ ရေးဖြစ်တာက အခုတစ်လော ခပ်စိပ်စိပ် ကြုံနေရလို့။ အဲဒီလိုကျတော့ပရိသတ်က ကိုယ်နဲ့ တိုက်ရိုက် သိတာမဟုတ်တော့ ချေတယ် ထင်ကြမှာ’’ဟု ဖြူဖြူကျော်သိန်း က ပြောသည်။
7Day
0 comments:
Post a Comment