Monday, October 1, 2018

ပိုင်ရှင်မဲ့သင်္ဘော ရေနစ်မြုပ်နေ



မြန်မာ့ရေပိုင်နက်ထဲသို့ ရောက်ရှိလာသည့် ပိုင်ရှင်မဲ့ သင်္ဘောကို ပိုင်ရှင်ကုမ္ပဏီပြန် လည် မဆွဲယူမီ ယမန်နေ့က သင်္ဘောအနောက်ခြမ်းနစ်မြုပ်ခဲ့သည်။ 
ဩဂုတ် ၂၈ ရက်က သုံးခွ မြို့ သမစိတ္တကျေးရွာသို့အာဏာ ပိုင်များမသိဘဲ ၀င်ရောက်လာ သည့် SAM RATULANGI PD သင်္ဘောကို ဆွဲသင်္ဘောများဖြင့် ပြန်လည်ဆွဲယူမည်ဟု တာဝန် ရှိသူများက ပြောကြားထားသော်လည်း ဆွဲယူခြင်းမပြုမီ အောက်တိုဘာ ၁ ရက်တွင် သင်္ဘောအနောက်ခြမ်း စတင်နစ် မြုပ်ခဲ့သည်။ 

‘‘သင်္ဘောက နဂိုကတည်းက အစုတ်ကြီးကို။ အနောက်ခန်းအင် ဂျင်က ရေတဖြည်းဖြည်းစိမ့်ပြီး ၀င်နေတယ်ကြားတယ်။ တစ်စီး လုံးတော့ မနစ်သေးပါဘူး’’ ဟု ရေကြောင်းပို့ဆောင်ရေးဦးစီးဌာ နမှ အရာရှိတစ်ဦးကပြောကြားသည်။ 

သမစိတ္တ ကျေးရွာနေ ကို အောင်မြင့်ဦးက ‘‘သင်္ဘောက နစ် နေတာ ရေတော်တော်ဝင်ပြီးအ ခြေအနေဆိုးနေပြီ။ လာမလုပ် ရင်တစ်စီးလုံးနစ်တော့မှာ။ ခေါင်း ပိုင်းတောင် ထောင်နေပြီ’’ ဟု 7Day Daily သတင်းစာအားပြော သည်။ 

အဆိုပါ SAM RATULANGI PD သင်္ဘောကို အင်ဒိုနီးရှား နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ပို့ဆောင် ပြီး ဖျက်ဆီးရန်ဆွဲသင်္ဘော Independence ဖြင့်ဆွဲယူလာစဉ် ဩဂုတ် ၂၅ နှင့် ၂၆ ရက်တွင် မြန် မာ့ရေပိုင်နက်အနီး မုန်တိုင်းကျ ရောက်သောကြောင့် ဆိုင်းကြိုး ပြတ်ကာ ကျန်ခဲ့ခြင်းဖြစ်ကြောင်း ဆွဲသင်္ဘော Independence ကုမ္ပဏီက စက်တင်ဘာ ၃ ရက်၌ သတင်းစာရှင်းလင်းပြောကြားခဲ့ သည်။ 

တာဝန်ရှိသူများကလည်း ဆွဲသင်္ဘောကို တာဝန်ယူဆွဲခိုင်း မည်ဆိုကာ မြန်မာ့ရေပိုင်နက် နစ်နာမှုများရှိပါက အရေးယူမည် ဟု ပြောကြားထားသည်။ လက်ရှိ တွင် သင်္ဘောသည် ပြန်လည်ဆွဲယူခြင်း မပြုမီ နစ်မြုပ်နေခြင်းဖြစ်သည်။ 






7Day





0 comments:

Post a Comment