၂၀၁၈ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်လ်ဆုကို ဂျိမ်းစ်အယ်လစ်ဆန်နဲ့ တာစုခု ဟွန်ဂျိုတို့က ပူးတွဲဆွတ်ခူးကြောင်း ဆွီဒင်နိုင်ငံ အခြေစိုက် ကာရိုလင်စကာ တက္ကသိုလ် နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က အောက်တိုဘာ ၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ကင်ဆာကုထုံးသစ်ရှာဖွေ တွေ့ရှိမှုအတွက် ခုလို ဆုရခဲ့တာဖြစ်ပြီး ဆုကြေးအဖြစ် သူတို့ဟာ အမေရိကန် ဒေါ်လာတသန်းနဲ့ ညီမျှတဲ့ ဆွီဒင်ငွေ ၉သန်းကို ရမှာပါ။
ဆေးဘက်ဆိုင်ရာ နိုဘယ်လ်ဆုဟာ နိုဘယ်လ်ဆု တွေထဲမှာ နှစ်စဉ် ပထမဆုံး ချီးမြှင့်တဲ့ ဆုဖြစ်ပြီး သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ စွမ်းဆောင်မှုတွေအတွက် ဆုတွေကို ချီးမြှင့်လေ့ ရှိပါတယ်။
နိုဘယ်လ်ဆုတွေကို ဒိုင်းနမိုက်ကို တီထွင်ခဲ့တဲ့ စီးပွားရေးသမား အဲလ်ဖရဒ် နိုဘယ်လ်ရဲ့ သေတမ်းစာအရ ၁၉၀၁ခုနှစ်က စပြီး နှစ်စဉ် ချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။
DVB
0 comments:
Post a Comment