ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Impact Arena မှာ အောက်တိုဘာ ၆ရက်ကျင်းပမယ့် One Championship: Kingdom of Heros ကိုယ်ခံပညာဘက်စုံသုံး တိုက်ခိုက်ပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြု MMA အမျိုးသမီးကစားသမား အန်တိုနီယာနဲ့ ထိုင်းနိုင်ငံက ရီကာတို့ ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။
ထိုင်းနာမည်ကြီး MMA ကစားသမား ရီကာအစ်ရှီဂီနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာမို့ အခက်အခဲတွေရှိနိုင်ပေမယ့် အကောင်းဆုံးပြင်ဆင်ပြီးတော့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ မြန်မာကိုယ်စားပြု MMA ကစားသမား ဘိုဇီနာ အန်တိုနီယာက ပြောပါတယ်။
ဂျပန်ထိုင်းနွယ်ဖွား ရီကာဟာ အာခီတို၊ ကရာတေး၊ တိုက်ဂါးမွေထိုင်း အစရှိတဲ့ ကိုယ်ခံပညာတွေ တတ်မြောက်ထားသလို ပေါ့ပါးလျင်မြန်ပြီး အလဲထိုးတိုက်ကွက်တွေနဲ့ ၃ပွဲထိ အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။
မြန်မာကိုယ်စားပြု အန်တိုနီယာကတော့ အတွေ့အကြုံနုနယ်တဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ပွဲဦးထွက်မှာ ၂၄စက္ကန့်နဲ့ အလဲထိုး အနိုင်ရရှိထားလို့ One Championshipအမျိုး သမီးပြိုင်ပွဲ သမိုင်းမှာ အလျင်မြန်ဆုံး အလဲထိုးမှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူဖြစ်ပါတယ်။
အန်တိုနီယာအနေနဲ့ One Championshipနဲ့အတူ ၁ပွဲသာထိုးသတ်ဖူးတဲ့အပြင် အခုထိုးသတ်ရမယ့် အိမ်ရှင်ထိုင်းကစားသမားရီကာရဲ့ အတွေ့အကြုံနဲ့ လျင်မြန်မှုတွေက အခက်အခဲတွေ ရှိလာနိုင်ပါတယ်။
ဘန်ကောက်မှာကျင်းပမယ့် အဆိုပါ Kingdom of heros ပြိုင်ပွဲမှာတော့ တွဲဆိုင်း ၁၄ဆိုင်းအထိ ထည့်သွင်းကျင်းပမှာဖြစ်ပြီး Atom Weight အမျိုးသမီးကမ္ဘာ့ချန်ပီယံလုပွဲ အပါအဝင် WBC Super Fly Weight World Championship ပွဲစဉ်ကိုလည်း အဓိကပွဲစဉ်တွေ အဖြစ်ထည့် သွင်း ကျင်းပသွားမှာပါ။
ဒီပွဲစဉ်ကြောင့် အန်တိုနီယာဟာ အောင်လအန်ဆန်း၊ ဖိုးသော်တို့နှစ်ဦးပြီးရင် နိုင်ငံခြား သားကစားသမားနဲ့ ထိုးသတ်မယ့် တတိယမြောက် မြန်မာကိုယ်စားပြု MMA ကစား သမားဖြစ်လာပါတယ်။
DVB
0 comments:
Post a Comment