ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့မှာ စက်တင်ဘာ ၃၀ ရက်နေ့က ဥရောပသမဂ္ဂ (အီးယူ) ကို ထောက်ခံသူတွေ စုပေါင်းပြီး ဘရက်ဇစ် (Brexit) ခွဲထွက်ရေးကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ နှစ်ပတ်လည်ညီလာခံကို ဘာမင်ဂမ်မြို့မှာ ကျင်းပနေတာမို့ အခုလို ကန့်ကွက်ဆန္ဒပြတာလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက သူတို့ရဲ့ ဆန္ဒပြပွဲကို “Bin Brexit” လို့ အမည်ပေးထားပြီး “ခွဲထွက်ရေးဟာ ဘာမှအသုံးမဝင်တဲ့ အမှိုက်လိုပဲ” လို့ ကန့်ကွက်ပြောဆိုကြပါတယ်။
ဆန္ဒပြသူအများစုက အီးယူထဲ ဆက်နေလိုတာကို ပြသတဲ့အနေနဲ့ အီးယူအလံတွေကို ကိုင်ဆောင်ထားသလို အီးယူအမှတ်တံဆိပ် အပြာရောင်ဦးထုပ်တွေကိုလည်း ဆောင်းထားကြပါတယ်။
ဆန္ဒပြသူတဦးကတော့ ဘရက်ဇစ် ခွဲထွက်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်နဲ့ ပုံစံတူ ဝတ်ဆင်ထားပြီး လက်ရှိဝန်ကြီးချုပ် ထရီဆာမေနဲ့ ပုံစံတူ ရုပ်သေးရုပ်လေးကို ကိုင်ဆွဲပြီး ချီတက်ဆန္ဒပြခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
DVB
0 comments:
Post a Comment