Tuesday, October 2, 2018

မုံရွာတွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၂ ရက်နေ့၌ မုံရွာမြို့ရှိ စစ်ပြန်စစ်မှုထမ်းဟောင်းများ စုပေါင်း၍ တပ်မတော်ကို ကြိုဆိုထောက်ခံကြောင်း၊ မဆီမဆိုင် နိုင်ငံရေးဝင်ရောက်စွက်ဖက်သော Facebook ကို ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒပြတောင်းဆိုခဲ့သည်။

ယခုလက်ရှိအချိန်တွင် နိုင်ငံတာကာမှ တပ်မတော်ကို အမျိုးအမျိုးဖိအားပေးသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးများတွင် စစ်မှုထမ်းဟောင်းများမှ အမာခံအင်းအားအဖြစ် ရပ်တည်ရန် လိုအပ်သောကြောင့် တပ်မတော်ကို ကြိုဆိုထောက်ခံ ဆန္ဒပြတောင်းဆိုခြင်း ဖြစ်ကြောင်း စစ်ပြန် စစ်မှုထမ်းဟောင်းတစ်ဦးမှ ဆိုသည်။
" နိုင်ငံတော်လုံခြုံရေးအတွက် ရခိုင်အရေးကိစ္စတွေကိုတပ်မတော်နဲ့ လက်ရှိအစိုးရက ဆောင်ရွက်တဲ့ခဲ့အခါမှာ နိုင်ငံတကာက တပ်မတော်ကို ဖိအားတွေပေးတဲ့အတွက် အခုလို တပ်မတော်ကို ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်"ဟု မုံရွာမြို့ စစ်မှုထမ်းဟောင်းများအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ကြီး တင်ဝေမှ ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲ လူအင်းအား ၁၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော်ကို အပြည့်အ၀ထောက်ခံသည်။ တပ်မတော်အင်အားချိုးနှိမ်မှုမှတ်သမျှ တို့လုံးဝလက်မခံပါ။ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည် စသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယခုကဲ့သို့ တပ်မတော်ကို ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို မန္တလေး၊ရန်ကုန် စသည့်မြို့ကြီးများတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

mizzima

0 comments:

Post a Comment