Tuesday, October 2, 2018

အမေရိကန် သမ္မတကတော် မယ်လီနီယာ အာဖရိကတိုက်သို့ တစ်ကိုယ်တော် သွားရောက်လည်ပတ်



ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၁ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇနီး မယ်လီနီယာထရမ့်ဟာ အာဖရိကတိုက်သို့ ခရီးထွက်ခဲ့တယ်လို့ သိရပါတယ်။ 
မယ်လီနီယာထရမ့်ဟာ ၀ါရှင်တန်ဒီစီ၊ အန်ဒရူးစ် လေတပ်အခြေစိုက်စခန်းကနေ အာဖရိကတိုက်ကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ 

မယ်လီနီယာထရမ့်ဟာ အာဖရိကတိုက်ကို တစ်ကိုယ်တော် သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ 

မယ်လီနီယာထရမ့် သွားရောက်လည်ပတ်မယ့် နိုင်ငံတွေကတော့ ဂါနာ၊ မာလာဝီ၊ ကင်ညာနဲ့ အီဂျစ်နိုင်ငံတို့ဖြစ်ပြီး ၎င်းဟာ အောက်တိုဘာလ၊ ၇ ရက်မှာ ၀ါရှင်တန်ဒီစီသို့ ပြန်လာမယ်လို့ ခန့်မှန်းသိရှိရပါတယ်။ 

မယ်လီနီယာထရမ့်ရဲ့ အာဖရိက ခရီးစဉ်ဟာ နိုင်ငံအချင်းချင်း ဆက်ဆံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်ဖြစ်သလို ကလေးတွေရဲ့ ဘ၀သာယာလှပအောင် ဖော်ဆောင်ပေးမယ့် ၎င်းရဲ့ #BeBest စီမံကိန်းအတွက် ရည်ရွယ်ပြီး ယခုလို ခရီးထွက်တာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စတတ်ဖနီ ကရစ်စ်ဟမ်က ပြောပါတယ်။


mizzima

0 comments:

Post a Comment