Monday, October 1, 2018

ကက်ဗန်နော့ကို တရားသူကြီးအဖြစ် အတည်ပြုရေး နယူးယောက်တွင် ဆန့်ကျင်ဆန္ဒပြ


အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့က တရားရုံးချုပ် တရားသူကြီးအဖြစ် ဘရက် ကက်ဗန်နော့အား အတည်ပြုရေးကို ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

သမ္မတထရမ့် အမည်စာရင်း တင်သွင်းတဲ့ ကတ်ဗန်နော့ အတည်ပြုရေးကိစ္စဟာ အမျိုးသမီးအများစုပါဝင်တဲ့ ဆန္ဒပြသူတွေကြောင့် သီတင်းပတ်ကြာ နှောင့်နှေးခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူတွေက သူတို့ဟာ ကတ်ဗန်နော့ကျောင်းသားဘ၀တုန်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အက်ဖ်ဘီအိုင် စုံစမ်းနေချိန်မှာပဲ အရှိန်မြှင့်လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ကတ်ဗင်နော့ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး ဒီမိုကရက်တွေရဲ့ နိုင်ငံရေးအရ တိုက်ခိုက်မှုဆိုပြီး စွပ်စွဲလိုက်ပါတယ်။

အခုလို ကတ်ဗင်နော့အပေါ် စွပ်စွဲချက်တွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဆန့်ကျင်တဲ့ #MeToo လှုပ်ရှားမှု ပေါ်ပေါက်ချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment