အစိုးရ၊ လွှတ်တော်၊ တပ်မတော် ထိပ်သီးခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ပွဲဖြစ်မြောက်ရေး နှစ်ဖက်ညှိနှိုင်း ရေး ကိုယ်စားလှယ်များ အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံညှိနှိုင်းခဲ့သည်။
ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကို အောက်တိုဘာ ၁၅ ရက်နောက်ပိုင်း ကျင်းပရန် စီစဉ် ထားသော်လည်း ရက်အတိအကျ မသတ်မှတ်နိုင်သေး၍ ယနေ့ (အောက်တိုဘာ ၂ ရက်) တွင် ဆက်လက်ညှိနှိုင်းမည် ဖြစ်သည်။
‘‘ဆွေးနွေးပွဲဖြစ်ဖို့ ရက်တွေ၊ ဆွေးနွေးမယ့် အကြောင်းအရာ တွေ ညှိတာပါ။ ဆွေးနွေးမှုပုံစံ၊ ဆုံးဖြတ်ချက်ပုံစံတွေလည်း ညှိ ရမှာပေါ့’’ဟု ကရင်အမျိုးသားအ စည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်အ ဖွဲ့ဝင် ဦးအောင်စိုးက ညှိနှိုင်းပွဲ မပြီးသေး၍ မှတ်ချက်ပေးရန် မရှိ သေးဟု ဖြေကြားသည်။
တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင် ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မ တော်ကိုယ်စားလှယ်များပါဝင် သည်။ အပစ်ရပ်ဘက် မှ KNUဒုဥက္ကဋ္ဌ ဦးဆောင်ပြီး ညှိနှိုင်းရေးကိုယ်စားလှယ် ခုနစ်ဦးပါသည်။
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအ ဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲဖြစ်ပေါ်လာရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြားသည်။
7Day
0 comments:
Post a Comment