Sunday, April 28, 2019

ရန်ကုန်တွင် နှစ်ရက်ဆက် အပူချိန်စံချိန်ကျိုး ယနေ့ နေရာကွက်၍ မိုးရွာနိုင်


ရန်ကုန်မြို့တွင် အပူချိန်နှစ်ရက် ဆက်စံချိန်ကျိုးခဲ့ပြီး ယနေ့တွင် နေရာကွက်၍ မိုးရွာ နိုင်ကြောင်း မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
ရန်ကုန်(ကမ္ဘာအေး)၌ ဧပြီ ၂၆ ရက်က အပူချိန် ၄၂ ဒီဂရီစင် တီဂရိတ်အထိ ရှိခဲ့ပြီး လွန်ခဲ့သော ၅၁ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်မှတ်တမ်းကို ဧပြီ ၂၇ ရက် တွင် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂ ရိတ်ဖြင့် ထပ်မံချိုးဖျက်ခဲ့သည်။ ဧပြီ ၂၇ ရက်အပူချိန်ကို မိုးလေ၀ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ဧပြီ ၂၈ ရက်တွင်ထုတ်ပြန် ရာ ရန်ကုန်(ကမ္ဘာအေး)နှင့် ဧရာ ၀တီတိုင်းဒေသကြီး ဖျာပုံမြို့၌ စံချိန်သစ်ထပ်မံတင်ခဲ့သည်ဟု ပါရှိသည်။ 

‘‘အပူချိန် နေ့စဉ်ရက်ဆက် မြင့်နေတာကို စိုးရိမ်တယ်။ လို အပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်အောင် နေ့စဉ်မှတ်တမ်း တွေကိုလည်း ဌာနဆိုင်ရာတွေကို ပို့ပေးထားတယ်’’ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောထားသည်။ 

ရန်ကုန်မြို့တွင် အပူချိန် ဆက်လက်မြင့်နေသော်လည်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည့်ယနေ့ အတွက် ရာသီဥတုအခြေအနေ ခန့်မှန်းချက်တွင် ရန်ကုန်တိုင်းဒေ သကြီးအပါအ၀င် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၀ ခု၌ နေရာကွက် ၍ မိုးရွာနိုင်ကြောင်း ပါရှိသည်။ စစ်ကိုင်း၊ တနင်္သာရီ၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးရွာနိုင်ကြောင်း သတင်းထုတ် ပြန်ထားသည်။ 

ယခုနှစ် နွေရာသီတွင် မတ် လ ၂၆ ရက်ကစ၍ အပူချိန်စံချိန် သစ်တင်ခဲ့ရာ ဧပြီ ၂၈ ရက်အထိ ၃၂ ရက်အတွင်း မြို့ ၁၆ မြို့တွင် ၂၆ ကြိမ် အပူချိန်စံချိန်တင်ထား သည်။ ယင်းမြို့များမှာ လွိုင်လင်၊ အမ်း၊ သံတွဲ၊ ပဲခူး၊ သထုံ၊ ခရမ်း၊ မှော်ဘီ၊ လပွတ္တာ၊ ဟဲဟိုးမြို့တို့၌ တစ်ကြိမ်စီ၊ ရန် ကုန်(ကမ္ဘာအေး)၊ ကြို့ပင်ကောက်၊ ရေးနှင့် ပုသိမ် မြို့တွင် နှစ်ကြိမ်စီ၊ ဖျာပုံ၊တောင် ငူနှင့် ဘီးလင်းမြို့တွင် သုံးကြိမ်စီ ဖြစ်သည်။ 

လတ်တလောကာလ၌ ဘင်္ဂ လားပင်လယ်အော်တွင် ဖန်နီ(Fani) ဆိုင်ကလုန်းမုန်တိုင်းဖြစ် နေရာ မြန်မာနိုင်ငံဒေသအများစု၌ မကြာမီ မိုးရွာနိုင်ခြေရှိ၍ အပူချိန် လျော့ကျနိုင်သည်ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

7Day

0 comments:

Post a Comment