Sunday, April 28, 2019

ဂျပန်ကုမ္ပဏီငါးခု ပြည်တွင်းနှင့်ပေါင်း၍ အာမခံလုပ်ငန်း ၀န်ဆောင်မှုပေးမည်


အာမခံလုပ်ငန်း အ ပြည့်အ၀ လုပ်ကိုင်ခွင့်မရသည့် ဂျပန်အာမခံကုမ္ပဏီ ငါးခုသည် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည်ဟု ဂျပန်ကုမ္ပဏီ များက ထုတ်ပြန်သည်။ 
အမေရိကန်၊ ဂျပန် ကုမ္ပဏီများအပါအ၀င် နိုင်ငံခြား အသက်အာမခံ ကုမ္ပဏီငါးခုကို ပြည်တွင်း၌ ပထမဆုံး လုပ်ကိုင် ခွင့်ပြုပြီးနောက် ရွေးချယ်မခံရသော ကျန်ကုမ္ပဏီများသည် ပြည်တွင်းရှိ အသက်အာမခံလုပ်ငန်း ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရာတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။ 

ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် ဂျပန်ကုမ္ပဏီ ငါးခုသည် ဂျပန် Tokio Marine Holding နှင့် ပြည်တွင်းမှ Grand Guardian ကုမ္ပဏီ၊ Nippon Life Insurance နှင့် ပြည်တွင်းမှ Grand Guardian ကုမ္ပဏီ၊ ဂျပန် Mitsui Sumitimo Insurance နှင့် ပြည်တွင်းမှ IKBZ ၊ ဂျပန် Sompo Holdings ၊ပြည်တွင်း AYA Insurance နှင့်ဂျပန် Meiji Yasuda Life Insurance၊ ထိုင်း Life Insuranceနှင့် ပြည်တွင်းမှ Citizen BusinessInsurance တို့ ဖြစ်သည်။ 

Asian သတင်းဌာန၏ ထုတ်ပြန်ချက်အရ ဂျပန် Tokio MarineHolding သည် အာမခံလုပ်ငန်းအတွက် ကန်ဒေါ်လာ ၄၄ သန်းနှင့် Nippon Life Insurance ကကန်ဒေါ်လာ ၁၈ သန်း ရင်းနှီး မြှပ်နှံမည်ဟု ဆိုထားသည်။ 

အဆိုပါ ဂျပန်ကုမ္ပဏီများ သည် ပြည်တွင်းရှိ အသက် အာမခံလုပ်ငန်း ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အချိန် လေးပတ်သတ်မှတ်ထားပြီး မေလ ၄ ရက်တွင် အဆိုပြုလွှာ တင်ပြရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက ကြေညာထား သည်။ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၏ ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက် ကြေညာချက်အရ နိုင်ငံခြားကုမ္ပဏီများသည် အသက်အာ မခံနှင့် အထွေထွေအာမခံ လုပ်ငန်းဟူသည့် နှစ်မျိုးလုပ်ကိုင်ခွင့်ရ မည်ဖြစ်သည်။ 

အသက်အာမခံတွင် ရွေး ချယ်ခွင့် နှစ်ခုရှိပြီး တစ်ခုသည် နိုင်ငံခြားသား အာမခံကုမ္ပဏီအ ဖြစ် ၁၀၀ ရာခိုင်နှုန်းအပြည့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။အခြားတစ်ခုသည် ပြည်တွင်း၌ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသည့် နိုင်ငံခြားအာမခံကုမ္ပဏီ နှင့် ပြည်တွင်းအသက်အာမခံ ကုမ္ပဏီတို့ ဖက်စပ်ဆောင်ရွက် နိုင်သည်။ 

အထွေထွေ အာမခံတွင် နိုင်ငံခြား ကုမ္ပဏီများကို ပြည်တွင်း ကုမ္ပဏီများနှင့်သာ ဖက်စပ်လုပ် ကိုင်ခွင့်ပြုမည် ဖြစ်သည်။

7Day

0 comments:

Post a Comment