Sunday, April 28, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြမ်းဖက်သမား ၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရခိုင်ပြည်နယ်က မွတ်စလင်အစွန်းရောက် အကြမ်းဖက် ၃ ဦးကို ဖောက်ခွဲရေးပစ္စည်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ တရားရုံးက ချမှတ်လိုက်ပါတယ်။ 
သူတို့ကို ၂၀၁၄ ခုနှစ်က ဖမ်းဆီးခဲ့တာပါ။ 
သူတို့ဟာ RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ အပါအ၀င် နိုင်ငံတကာ စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေ အတော်များများနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ တရားရုံးရှေ့နေတစ်ဦးက ပြောပါတယ်။ 
RSO ဟာ ရခိုင်ပြည်နယ်မှာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားခဲ့တဲ့ စစ်သွေးကြွအဖွဲ့ငယ်တစ်ဖွဲ့ ဖြစ်ပါတယ်။ 
အခု ထောင်ချခံခဲ့ရသူ ၃ ဦးဟာ ၂၀၁၄ ခုနှစ်က အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ်မှာ လူ နှစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တဲ့ လက်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သူတွေလို့ သင်္ကာမကင်းခံရသူတွေ ဖြစ်ပါတယ်။ 

Photo: Dibyangshu SARKAR / AFP 
RFA

0 comments:

Post a Comment