Saturday, April 27, 2019

မြို့ရှစ်မြို့တွင် အပူချိန်စံချိန်သစ် တစ်ပြိုင်နက်တင်

အပူချိန်မြင့်တက်နေမှု ဆက်လက်ဆိုးရွားနေပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်လေးခုရှိ မြို့ရှစ်မြို့တွင် အပူချိန် စံချိန်သစ် တစ်ပြိုင်နက်တင်ခဲ့သည်။ 
ပဲခူးတိုင်းဒေသကြီး တောင် ငူ၊ ကြို့ပင်ကောက်နှင့် ပဲခူးမြို့၊ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့၊ မွန်ပြည်နယ် ရေး၊ သထုံနှင့် ဘီးလင်းမြို့၊ ဧရာဝတီတိုင်းဒေသ ကြီး ဖျာပုံမြို့တို့တွင် အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလ ဌာနက ဧပြီ ၂၆ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ 

‘‘သတိပေးခဲ့တဲ့အတိုင်းပဲ အပူချိန်တွေက မြင့်တက်နေသေး တယ်။ မေလ ၂၈ ရက်နောက်ပိုင်း တော့ သက်သာရာရနိုင်တယ်’’ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ 

ယခုကဲ့သို့ မြို့အများအပြား တွင် အပူချိန်တစ်ပြိုင်နက် စံချိန် သစ်တင်ခြင်းမျိုးသည် စံချိန် တင် ပူပြင်းခြောက်သွေ့ခဲ့သော ၂၀၁၆ နွေရာသီက ဖြစ်ခဲ့ဖူးသည်။ 

အထက်ပါ မြို့ရှစ်မြို့တွင် အပူချိန်စံချိန်သစ်မစတင်မီ ဧပြီ ၂၄ ရက်က ပုသိမ်နှင့် ဘီးလင်းမြို့ တွင် စံချိန်သစ်တင်ခဲ့သေးသည်။ ပုသိမ်နှင့် ဘီးလင်းမြို့တွင် ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်ကလည်း စံချိန်သစ်တင်ရာ ယင်းနှစ်မြို့ တွင် အပူချိန် ထပ်ကာထပ်ကာ မြင့်မားနေခြင်းဖြစ်သည်။ 

ယခုနှစ် နွေရာသီတွင် မတ်လ ၂၆ ရက်ကစ၍ အပူချိန် စံချိန်သစ်တင်မှုများရှိနေပြီး ဧပြီ ၂၆ ရက်အထိ ရက် ၃၀ အတွင်း စုစုပေါင်း (၁၈)ကြိမ်ရှိပြီဖြစ် သည်။ လွိုင်လင်၊ အမ်း၊ သံတွဲ၊ ကြို့ပင်ကောက်၊ ပဲခူး၊ သထုံ၊ ခရမ်း၊ ရေး၊ ဟဲဟိုးမြို့တို့၌ တစ် ကြိမ်စီနှင့် ဖျာပုံ၊ တောင်ငူနှင့် ပုသိမ်မြို့တွင် နှစ်ကြိမ်စီ၊ ဘီးလင်းမြို့တွင် သုံးကြိမ်ဖြစ်သည်။ စံချိန် သစ်တင်ခဲ့သည့် မြို့အားလုံးတွင် ၄၀ ဒီဂရီစင်တီဂရိတ်အထက် ရှိခဲ့သည်။ 

စံချိန်သစ်တင်သည့် မှတ် တမ်းမဝင်သော်လည်း မူလကပင် အပူချိန်မြင့်မားနေသော ချောက် မြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ အောင်လံနှင့် တောင်တွင်းကြီးမြို့ တွင် ၄၄ ဒီဂရီစင်တီဂရိတ်စီနှင့် မုံရွာ၊ မြင်းမူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ ဂန့်ဂေါနှင့် ဆင်ဖြူကျွန်း မြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ် အထိ အပူချိန်မြင့်တက်နေသည် ဟု မိုးဇလဌာနက ဧပြီ ၂၆ ရက် တွင် သတင်းထုတ်ပြန်ထားသည်။ 

လတ်တလောကာလ၌ ဘင်္ဂ လားပင်လယ်အော်တွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်အရှိန် ကြောင့် လာမည့်ရက် အနည်း ငယ်အတွင်း မြန်မာနိုင်ငံဒေသ အချို့ မိုးရွာသွန်းဖွယ်ရှိရာ အပူ ချိန်များ လျော့ကျလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။

7Day

0 comments:

Post a Comment