Friday, April 26, 2019

ရုပ်​ရှင်​မင်းသားကြီး ရှမ်းပြည်​​​​စောနိုင်​​ (ဦးစန္ဒိမာ) ၏ ဥတုရုပ်​ကလာပ်​ကို မီးသင်္ဂြိုလ်​ပြီး စစ်​​တောင်းမြစ်​ထဲ ​မျှောချပူ​ဇော်​မည်


ရုပ်ရှင်မင်းသားကြီး ရှမ်းပြည်ဦးစောနိုင်(ရဟန်းဘွဲ့တော်-ဦးစန္ဒိမာ)သည် ဧပြီလ ၂၆ ရက်၊ ည ၈ နာရီခွဲခန့်က ပျံလွန်တော်မူခဲ့ရာ ဥတုရုပ်ကလာပ်ကို ဧပြီ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် အန္တိမအဂ္ဂိဇာပနအခမ်းအနားကျင်းပပြီး မီးသင်္ဂြိုဟ်ကာ အရိုးပြာကိုစစ်တောင်းမြစ်အတွင်း မျှောချပူဇော်မည်ဖြစ်ကြောင်း ၎င်း၏တူဖြစ်သူ ရင်ခုန်သံဆရာတော် အရှင်တေဇက မိန့်ကြားသည်။ 
အန္တိမအဂ္ဂိဇာပနအခမ်းနားကို ရှမ်းပြည်ဦးစောနိုင် ရဟန်းဘဝဖြင့်သီတင်းသုံးခဲ့သည့် အုတ်တွင်းမြို့ဈေးကျောင်းတိုက်အနီး ဈေးရပ်ကွက် မူလတန်းလွန်စာသင်ကျောင်း အားကစားကွင်းတွင် လောင်တိုက်ပြသာဒ်များဖြင့်မွမ်းမံကာ မီးသင်္ဂြိုဟ်ရန်စီမံထားပြီး အရှင်စန္ဒိမာခေါ် ရှမ်းပြည်ဦးစောနိုင်သည် ဧပြီ ၂၆ ရက် ည ၈ နာရီခွဲခန့်က ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ 

တူအရင်းတစ်ဦးဖြစ်သည့် ဦးသူရိန်ထွန်းက “ဦးဇင်းကြီးက ပျံလွန်တော်မူချိန် သက်တော် ၈၅ နှစ်ရှိပါပြီ။ ရဟန်းဘဝနဲ့ လေးဝါရှိပါပြီ။ မိသားစုတွေက ရှမ်းပြည်နယ် လာရှိုးမှာနေကြတာပါ။ အခုလာရှိုးကနေ ဆင်းလာကြပါပြီ”ဟု ပြောကြားသည်။ 

ရှမ်းပြည်ရောက် ဧည့်သည့်ရယ် ဇာတ်ကားဖြင့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့သူ ဦးစောနိုင် (ရှမ်းပြည်) လွန်ခဲ့သည့်နှစ်အနည်းငယ်မှစတင်ပြီး ကျန်းမာရေးကြောင့် တောင်ငူတွင် ပြန်လည်နေထိုင်နေရာမှ တူဖြစ်သူ ဈေးကျောင်းတိုက်ဆရာတော်၏ အုတ်တွင်းမြို့တွင် ရဟန်းဝတ်ခဲ့ပြီး လေးဝါအရတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ဇနီးဖြစ်သူနှင့် သားသမီးခြောက်ဦး ကျန်ရစ်သည်။ 

လွန်ခဲ့သည့်ဆယ်နှစ်ခန့်မှ စတင်ပြီး ကျန်းမာရေးအခြေနေကြောင့် ရုပ်ရှင်ရိုက်ကူးမှုများ ရပ်နားပြီး ညီမဖြစ်သူနှင့်အတူ ဇာတိမြိုတွင်ပြန်လည်နေထိုင်ရာမှ ပြီးခဲ့သည့်လေးနှစ်ကျော်ခန့်က ရဟန်းဝတ်ခဲ့သူ ရှမ်းပြည်စောနိုင်ခေါ်ဦးစန္ဒိမာသည် နောက်ပိုင်းတွင် မှတ်ညဏ်ချွတ်ယွင်းမှုများဖြစ်ပေါ်ခဲ့၍ တူဖြစ်သူ ရင်ခုန်သံဆရာတော်က အနီးကပ်ပြုစုစောင့်ရှောက်မှုပေးခဲ့ရသည်။ 

မိခင်ဖြစ်သူ ဒေါ်လှတင်နှင့် ဖခင် ရဲဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးလှကျော်တို့က မြန်မာသက္ကရာဇ် ၁၂၉၆ ခုနှစ်တွင် တောင်ငူမြို့ ၉ ရပ်ကွက် အုတ်ကျွတ်တန်းတွင် မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၈ ဦးတွင် ဒုတိယမြောက်ဖြစ်ပြီး မှတ်ပုံတင်အရာရှိအဖြစ် (လ-ဝ-က) ဝန်ထမ်းအဖြစ် ရှမ်းပြည်နယ် လာရှိုးမြို့တွင် တာဝန်ထမ်းနေစဉ် အေးဝမ်းမောင်ချစ် ရိုက်ကူးသည့် ရှမ်းပြည်ရောက် ဧည့်သည်ရယ် မပြန်ပါနဲ့ကွယ်ဆိုသည့် ဇာတ်ကားဖြင့် နာမည်ကြီးခဲ့ပြီး အနားယူချိန်အထိ ရုပ်ရှင် ဗွီဒီယို ဇာတ်ကားပေါင်း ၅၀၀ ကျော် ရိုက်ကူးခဲ့သည်။ 

ဝန်ထမ်းဘဝ ရှမ်းပြည်နယ်တွင် တာဝန်ကျစဉ် လားရှိုးမြို့သူ ဒေါ်နန်းခမ်းလှနှင့် မေတ္တာမျှခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ၁၉၇၁ ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး သားတစ်ဦး သမီးခြောက်ဦး မွေးဖွားခဲ့ပြီး လက်ရှိတွင် သမီးကျောင်းဆရာမများနှင့် ဇနီးဖြစ်သူတို့က ရှမ်းပြည်နယ် လာရှိုးမြို့တွင် အခြေချနေထိုင်ကြောင်း မိသားစုဝင်အချို့ထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment