Thursday, April 25, 2019

ကနေဒါတွင် ပင်လယ်ရေမြင့်တက်လာမှုကြောင့် အရေးပေါ်ကြေညာချက် ထုတ်ပြန်ထား


ကနေဒါနိုင်ငံမှာ ပင်လယ်ရေမြင့်တက်လာမှုကြောင့် အခုလ(၂၅)ရက်နေ့က ကနေဒါအလယ်ပိုင်းက ဒေသခံတွေဟာ ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ Ottawa မြို့တော်မှာလည်း ရေကြီးနိုင်ကြောင်းအရေး ပေါ်အခြေအနေကြေညာထားပြီး၊ လျှပ်စစ်ဓာတ်အားပေးတဲ့ ဆည်တစ်ခုလည်း ကျိုးနိုင်ခြေရှိတယ်လို့ (Quebec)ပြည်နယ်အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ 
ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ Gatineau နဲ့ Quebec ပြည်နယ်တို့ကဒေသခံတွေဆီကို ၀န်ကြီးချုပ်ဂျပ်စတင်ထရူးဒိုး ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီး၊ လူ့အသိုင်းအ၀ိုင်းအနေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဆိုးဆိုးရွားရွားရာသီဥတုတွေကို မြင်တွေ့ရနိုင်တယ်လို့ ထရူးဒိုးကဒေသခံတွေကို ပြောကြားခဲ့ပါတယ်။ ရေကြီးမှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ပြီး၊ Quebec ပြည်နယ်က လူ(၉၀၀)ကျော်ဟာ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 



ဘာသာပြန် - Chit Chan Myae
One News Myanmar 

0 comments:

Post a Comment