Thursday, April 25, 2019

အမျိုးသမီးတဦးကိုသတ်ပြီး ပီနံအိတ်ထဲထည့်အမှိုက်ပုံတွင် စွန့်ပစ်ခဲ့သူ ၂ ဦး ဖမ်းမိ


ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အနီးမှာ အမျိုးသမီးတဦးကို သတ်ဖြတ်ကာ ပီနံအိတ်ထဲ ထည့်ပြီး လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးမိပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မနက် ၇ နာရီခွဲလောက်က အနောက်ပိုင်း တက္ကသိုလ်အနီး လမ်းမဘေးရှိ အမှိုက်ပုံမှာ ပီနံအိတ်နဲ့ထုတ်ထားတဲ့ ခန္ဓာကိုယ်ထိုးသွင်းဒဏ်ရာ ၈ ချက်နဲ့ အမည်မသိ အမျိုးသမီးအလောင်းကို တွေရှိခဲ့လို့ ရဲက အမှုဖွင့် စုံစမ်းနေတာပါ။ 

ဒီအမှုနှင့်ပတ်သက်ပြီး မြောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုက တပ်ဖွဲ့ဝင်တွေ စုံစမ်းစစ်ဆေးခဲ့ရာမှာ ကျော်ဇေယျာလင်း(ခ) လင်းလင်းနဲ့ တင်ထွန်းဝင်း(ခ)ဝက်သား(ခ)ဦးတင် တို့ကို ဖမ်းဆီးမိခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ပြစ်မှုအတူကျူးလွန်သူ တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်ကို သူနေထိုင်ရာ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်လမ်း၊ အမှတ်-၂၅၉ နေအိမ်မှာ ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ 

အခင်းဖြစ်ချိန်မှာ အသုံးပြုတဲ့ သက်သေခံပစ္စည်း၊ ယာဉ်နဲ့ ရွှေထည် ပစ္စည်းတွေ သိမ်းဆည်းရရှိပြီးဖြစ်လို့ ဖမ်းဆီးထားသူ ၂ ဦးကို ဥပဒေနှင့် အညီ တရားစွဲ တင်ပို့နိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ 

ဓာတ်ပုံ-YGN Police
DVB

0 comments:

Post a Comment