Friday, April 26, 2019

စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန်က လူနာနှင့် လူနာစောင့်များအပေါ် ရိုင်းပျစွာပြောဆိုဆက်ဆံမှု ဒေသခံ၎ဝဝ ကျော် စုပေါင်းသတင်းစာရှင်းလင်းပွဲပြုလုပ်


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဦးသက်သက်အောင်သည် လူနာများနှင့် လူနာစောင့်များအပေါ် ရိုင်းပျစွာပြောဆိုဆက်ဆံ နေမှုများနှင့်ပတ်သက်၍ စဥ့်ကူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ဒေသခံလူအင်အား ၄ဝဝ ကျော်က စုပေါင်းသတင်းစာရှင်းလင်းပွဲပြုလုပ်သည်။ 
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၇ နာရီအချိန်က စဥ့်ကူးမြို့နယ် ခူလယ်ကျေးရွာနေ ဦးဇော်လင်းနှင့် ဦးမျိုးဝင်းတို့ နှစ်ဦးဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ခူလယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆွေလင်းနှင့် ကျေးရွာ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးချိုတင့်သည် ကျေးရွာသူကျေးရွာသားအချို့နှင့်အတူ အဆိုပါဆေးရုံသို့ရောက် ရှိနေစဉ် ယင်းနေ့တာဝန်ကျဆရာဝန်က အရေးပေါ်လူနာနှစ်ဦးအား လာရောက်စစ်ဆေးကြည့်ရှုခဲ့ခြင်းမရှိဟုဆိုကာ ပြောဆိုခေါ်ဆောင်ရာမှ ယင်းနေ့တာဝန်ကျလက်ထောက်ဆရာဝန်ဒေါက်တာဦးသက်သက်အောင်က မချေမငံ ပြောဆိုဆက်ဆံခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်အား တာဝန်ခံဆရာဝန်ဖြစ်သည့် ဒေါက်တာကျော်ထူးမြတ်အား သွားရောက် ပြောဆိုရာမှ တာဝန်ခံဆရာဝန် ဒေါက်တာကျော်ထူးမြတ်က ရပ်မိရပ်ဖဖြစ်သည့် ဦးချိုတင့်အား တာဝန်ဝတ္တရားနှောင့်ယှက်မှုပြုလုပ်ခဲ့သည်ဆိုကာ စဉ်ကူးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့၍ အဆိုပါရဲစခန်းက ပုဒ်မ ၅ဝ၆/၃၅၃ ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 
''ကျွန်တော်က ရပ်ဖိရပ်ဖတဦးအနေနဲ့ ကိုယ့်ကျေးရွာသူ ကျေးရွာသား ဆိုင်ကယ်မှောက်ဒဏ်ရာရလို့ ကျေးရွာအုပ် ချုပ်ရေးမှူးဦးဆွေလင်းနဲ့အတူ ဆေးရုံသွားပို့တာ တာဝန်ကျ လက်ထောက်ဆရာဝန်က အချိန်အတော်ကြာရောက်မလာလို့ မေးတဲ့အခါမှာ မချေမငံဆက်ဆံတာ တာဝန်ခံဆရာဝန်ပေါ့။ ဆေးရုံအုပ်ဆရာဝန် ဒေါက်တာကျော်ထူးမြတ်ကိုသွားပြောတာ။ အဲဒါနဲ့ ကျွန်တော်ဒီလိုအမှုဖွင့်ခံရတာ''ဟု တိုင်ကြားခံရသူဦးချိုတင့်က ဧပြီ ၂၅ ရက်တွင်ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲတွင် ပြောသည်။ 
စဥ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံသည် ခုတင် ၅ဝ ဆံ့ဆေးရုံဖြစ်ပြီး တာဝန်ခံမြို့ နယ်ဆရာဝန်တဦး၊ လက်ထောက် ဆရာဝန် နှစ်ဦး၊ သူနာပြု ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း ၂၂ ဦးရှိ၍ ကျေးရွာအုပ်စု ၃၉ အုပ်စုနှင့် ကျေးရွာပေါင်း ၁၃ဝ တို့မှ လူဦးရေ တသိန်းရှစ်သောင်းခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံဖြစ်သည်။ 
အဆိုပါ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ စဥ့်ကူးမြို့နယ် တာဝန်ခံဆရာဝန် ဒေါက်တာကျော်ထူးမြတ်နှင့် လက်ထောက်ဆရာဝန်ဦးသက်သက်အောင်တို့အား တွေ့ဆုံမေးမြန်းရာ ၎င်းတို့အကြောင်းကို ဒေသခံပြည်သူများအသိပင်ဖြစ်ကြောင်း၊ လေ့လာစုံစမ်းမေးမြန်းပါက သိရှိနိုင်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။ 




စိုင်းထူးခန့်
News Watch 

0 comments:

Post a Comment