Thursday, April 25, 2019

နှစ်နှစ်အရွယ်ကလေးငယ်ကို ရေနှစ်နှိပ်စက်ခဲ့သည့် အဖွားအရင်းဖြစ်သူနှင့် အဒေါ်ဖြစ်သူကို ဖမ်းဆီးအရေးယူ


လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့် အသက်နှစ်နှစ်အရွယ်ကေ လးငယ်တစ်ဦးအား ရေနှစ်နှိပ်စက်ခဲ့သည့် ဖြစ်စဉ်တွင် အဖွားအရင်းဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 
အသက်နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအား ရေနှစ်နှိပ်စက်နေသည့် ရုပ်သံတစ်ခုတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ သွားရောက်ကူညီခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ပတ်သက်နေသူများကို ယခုကဲ့သို့အရေးယူခဲ့ခြင်း ဖြစ်သည်။ 
မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁ နှစ်ကိုးလအရွယ် ကလေးငယ် မောင်ချစ်မင်းသူအား၎င်း၏ အဖွားအရင်းဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့က အကြိမ်ကြိမ် ရေနှစ်ခြင်းများပြုလုပ်ခဲ့သည့်ဟု ၎င်းတို့၏ အိမ်နီးချင်းတစ်ဦးကပြော စံတော်ချိန်သို့ပြောသည်။ 
နှိပ်စက်ခံခဲ့ရသည့် ကလေးငယ်၏ မိခင်နှင့်ဖခင်မှာ အိမ်ထောင်ကွဲနေပြီး ဖခင်ဖြစ်သူ၏ မိဘဖြစ်သူ အိမ်တွင်နေထိုင်နေခြင်း ဖြစ်သည်။ 
အဆိုပါ ကလေးငယ်အား လူမှုဝန်ထမ်းဦးစီးဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကိုလည်း မြောက်ဥက္ကလာပရဲစခန်းမှ (ပ)၇၁၇/၁၉ ဖြင့် အရေးယူဆောင်ထားကြောင်း သိရသည်။ 

သတင်း-ကိုကို 
ဓာတ်ပုံ-ပုလဲအရန်မီးသတ်ဖေစ့်ဘွတ် 
The Standard Time Daily 


0 comments:

Post a Comment