Thursday, April 25, 2019

နည်းပညာကျောင်းများ၊ သိပ္ပံကျောင်းများတွင် တက်ခဲ့ရသော ကလေးငယ်များသည် ဒုတိယတန်း ပညာရေးကို သင်ကြားရမည့် အခြေအနေမျိုး မဖြစ်ရန် လို


နည်းပညာကျောင်းများ၊ သိပ္ပံကျောင်းများတွင် တက်ခဲ့ရသော ကလေးငယ်များသည် ဒုတိယတန်း ပညာရေးကို သင်ကြားရမည့် အခြေအနေမျိုး မဖြစ်ရန် လိုအပ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂၅ ရက်တွင်ပြောသည်။ 
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် ၁၀၅ရပ်ကွက်၊ လှော်ကားလမ်းနှင့် ကရုဏာလမ်းထောင့်၌ တည်ဆောက်မည့် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း( တောင်ဒဂုံ) ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားစဉ်ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 
ကလေးများအား အဆင့်မြှင့်ပညာ များကို ဆက်လက် သင်ကြားနိုင်ရေးအတွက် အခွင့်အလမ်းများကို ဖန်းတီးပေးရန် လိုအပ်ကြောင်း၊ ပညာရေး ကဏ္ဍနယ်ပယ်တွင် ယခုလို စက်မှုလက်မှုသိပ္ပံကျောင်းများနှင့် Vocational ကျောင်းများ ဖွင့်လှစ်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ ထို့အပြင် အဆိုပါကျောင်းများမှ သိပ္ပံနည်းပညာများ တတ်မြောက်လာသည့် ကလေးများအား အလုပ်အကိုင် အခွင့်အလမ်းများ၊ စက်မှုဇုန်များ၊ လုပ်ငန်းခွင်များနှင့် ချိတ်တွဲထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ 
စက်မှုဇုန်များနှင့် ချိတ်ဆက်နိုင်ပါက စက်မှုဇုန်များတွင် လိုအပ်သော လုပ်သားများကို အဆိုပါကျောင်းများက မွေးထုတ်ပေးနိုင်ပြီး ကျောင်းများ၏ အောင်မြင်မှု အရှိန်အဟုန်မှာလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment