Thursday, April 25, 2019

ချောက်​မြို့ အပူ​ရှောင်​ စခန်း ၃ ခုတွင် လူ ၆၀ ကျော် လာ​ရောက်​ခိုလှုံနေ


မြန်​မာနိုင်ငံ အလယ်ပိုင်းဒေသက အပူဆုံးမြို့ဖြစ်​တဲ့ ​ချောက်​မြို့မှာ အပူ​ရှောင်​စခန်းတွေ ဖွင့်​လှစ်ပေးထား​ပေမယ့် နေရာ ၃ ​နေရာမှာသာ လူပေါင်း ၆၀ ကျော်လောက် လာ​ရောက်​ ခိုလှုံ​နေထိုင်​သူရှိ​တယ်လို့ ​ချောက်​မြို့နယ်​ အ​ထွေ​ထွေအုပ်ချုပ်ရေးရုံးက သိရပါတယ်​။ 
ချောက်​မြို့အပူချိန်​ဟာ ဧပြီ ၁၈ ရက်​​ နောက်​ပိုင်းမှာ ၄၆ ဒီဂရီစင်​တီဂရိတ်​အထိ မြင်တက်​ခဲ့လို့ မြို့နယ်​တာဝန်​ရှိသူတွေက ​ချောက်​မြို့​ပေါ် (၁၅)ရပ်​ကွက်​ရှိ ဓမ္မာရုံတွေ၊ ​အေးမြ​ကျယ်​ဝန်း​တဲ့နေရာတွေမှာ အပူ​ရှောင်​စခန်း ၃၂ ခုကို ဧပြီ ၂၃ ရက်​​က စတင်​ ဖွင့်​လှစ်ပေးထားတာပါ။ 

အပူရှောင်စခန်းတွေထဲက အမှတ်​(၂)ရပ်​ကွက်​ အလယ်​ဓမ္မာရုံမှာ သက်​ကြီးရွယ်အိုနဲ့ က​လေး ၂၁ ဦး၊ အမှတ်​(၇) ရွာ​ဟောင်း ဓမ္မာရုံမှာ ၁၁ဦးနဲ့ အမှတ်​(၁၄)​ဇောတိက ​ညောင်​ပင်​ကြီး​အောက်​ ဇရပ်​တွေမှာ ၂၉ ဦး လာ​ရောက်​ ခိုလှုံနေတယ်​လို့ မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​ရေးဦးစီးက ​ပြောပါတယ်​။ 

အပူ​ရှောင်​စခန်းတွေကို မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနနဲ့ ကျန်းမား​ရေးအဖွဲ့တွေက မနေ့က သွားရောက်ပြီး ကျန်းမာ​ရေးစစ်​​ဆေးမေးမြန်း ​ဆောင်​ရွက်​ခဲ့တယ်လို့ သိရပါတယ်​။ 

ချောက်မြို့နယ်​ အပူချိန်​ဟာ ဧပြီ ၂၄ ရက်​​မှာ ၄၄ ဒီဂရီ၊ ၂၅ ရက်​​နေ့မှ ၄၅ ဒီဂရီရှိလို့ အနည်းငယ် ကျဆင်းလာတယ်လို့ ​ချောက်​မြို့မိုး​လေဝသနှင့် ဇလ​ဗေဒ တိုင်းထွာ​ရေး စခန်းက သိရပါတယ်​။ 

သတင်း – ကိုလင်း(​ချောက်​)
DVB

0 comments:

Post a Comment