Friday, April 26, 2019

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်တွင် မီးလောင်နေသဖြင့် မီးသတ်ရန် ကြိုးပမ်းနေရ



ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဇွဲကပင်တောင်တွင် ယနေ့ည ၉ နာရီ ကျော်ခန့်မှစ၍ မီးများ လောင်ကျွမ်းနေသဖြင့် ကြိုးပမ်းငြိမ်းသတ် နေရကြောင်း ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 
"ဆံတော်ရှင် ရှိတယ်။ ဇွဲကပင်တောင်မှာ ။ မီးတွေက အခုထက်ထိ မြင်နေရတယ်။ လောင်နေတုန်းပဲ။ ည ၉ နာရီလောက်ကတည်းက မီးသတ်ကားတွေ ဘားအံက ထွက်သွားပြီး ငြိမ်းနေတယ်။ ဘယ်လို လောင်တာလဲ မသိသေးဘူး။ အခုထက်ထိ ကြိုးစားပြီး ငြိမ်းနေတုန်းပဲ" ဟု ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ တပ်ဖွဲ့ဝင်က ဆိုသည်။ 

ဘားအံမြို့ခံတချို့ကလည်း ဇွဲကပင်တောင် မီးလောင်နေသည်ကို မြင်တွေ့နေရကြောင်း၊ လက်ရှိအချိန် မီးမငြိမ်းသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။ 


Photo Credit - centralonlinenews 
News Credit - Khit Thit Media 
#TheVoiceDaily 

0 comments:

Post a Comment