Wednesday, April 3, 2019

ဘာသာအားလုံး သင့်မြတ်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မေတ္တာရပ်ခံ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်း ခရီးစဉ်အတွင်း ဧပြီ(၂)ရက်က ပန်းတနော်မြို့ကို ရောက်ရှိပြီး ဒေသခံလူထုနဲ့ တွေ့ဆုံစဉ် ဘာသာကြီးလေးရပ်က ခေါင်းဆောင်တွေကို သင့်သင့်မြတ်မြတ်ရှိဖို့အတွက် ထပ်ပြီးကြိုးစားကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ 
အဲဒီတွေ့ဆုံပွဲမှာ ပန်းတနော်ဒေသအတွင်း သွေးထိုးလှုံဆော်မှုတွေကြောင့် ဗလီအချို့ ပြန်လည်ပြင်ဆင်လိုတာတွေ ပြင်ဆင်ခွင့်မရတဲ့အပေါ် အစ္စလမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးစိန်ဝင်းက တင်ပြခဲ့တာကို နိုင်ငံတော်၏အတိုင်ပင်ခံက ပြန်လည်ဖြေဆိုစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က “ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုးကွယ်တဲ့ဘာသာကို အခြေခံပြီး ခွဲခြားဆက်ဆံမှု မရှိရဘူးဆိုပြီး သေချာပြဋ္ဌာန်းထားတယ်” လို့ ဆိုပါတယ်။ 

“နိုင်ငံရဲ့ သိက္ခာဟာ မှီတင်းနေထိုင်သူ အားလုံးရဲ့ လုံခြုံရေးပဲ ဖြစ်ပြီး အဲလို လုံလုံခြုံခြုံရှိဖို့အတွက်လည်း တရားဥပဒေအရ မျှမျှတတလုပ်မှ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ပျက်စီးနေတာတွေကို မူလအတိုင်းဖြစ်အောင် ပြင်ဆင်မယ် ဆိုတာဟာ လုပ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ ဖြစ်ပါတယ်၊ အဲဒါကို ကြည့်ပြီးတော့ လုပ်ပေးပါမယ်။” လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။

One News Myanmar 

0 comments:

Post a Comment