Thursday, April 25, 2019

ဝိညာဉ်ဝင်ပူးသည့် မြမြကိစ္စ စက်ရုံနှင့်ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

တောင်ဒဂုံစက်မှုဇုန်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ် သမားမြမြကို လူသုံးဦးက မုဒိမ်း ကျင့်ကာ အလောင်းဖျောက်ခဲ့ ကြောင်း ဝိညာဉ်ဝင်ပူးပြီး ပြော သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စက် ရုံနှင့် ရဲတပ်ဖွဲ့က လာမည့်တစ်ပတ်တွင် သတင်းစာရှင်းလင်းမည်ဖြစ် သည်။ 
နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်က တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်အတွင်း နှစ်ဦး အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် နေစဉ် တရားပွဲလာသည့် ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ် သမား မခင်ဇာခြည်လွင်သည် ဝိညာဉ်ဝင်ပူးသည်ဟုဆိုပြီး မြမြ အကြောင်းစတင်ပြောဆိုခဲ့သည်။ 

ကျောက်စိမ်းဖိနပ်စက်ရုံမှ မြမြ (ခ) အေးမြဆိုသည့်အလုပ်သ မားသည် သင်္ကြန်အကြိုနေ့က လည်ပတ်ပြီး ပြန်လာစဉ် Sweety Home မွေ့ရာကုမ္ပဏီမှ လူသုံးဦး က မုဒိမ်းကျင့်သတ်ဖြတ်ပြီး အ လောင်းဖျောက်ခဲ့ကြောင်း၊ အ လောင်းကိုစက်မှုဇုန်ထဲတွင် မြှုပ် ထားကြောင်း မခင်ဇာခြည်လွင်က ပြောဆိုခဲ့သည်။ 

မြမြသည် ငါးသိုင်းချောင်းဇာ တိဖြစ်ပြီး ဦးသာရင်နှင့်ဒေါ်ခင် ကြည်တို့၏ သမီးဖြစ်ကြောင်း၊ ၎င်း၏အလောင်းကို စက်မှုဇုန်အ တွင်း မီးမလင်းသော ဓာတ်တိုင် အောက်တွင် မြှုပ်ထားကြောင်း ပြောဆိုခဲ့သည်။ 

ထို့နောက် ဧပြီ ၂၃ ရက်တွင် လည်း ကျောက်စိမ်းစက်ရုံမှ အ လုပ်သမ မဝေဇင်ထွန်းက ထပ်မံ ၍ ဝိညာဉ်ပူးသည့် အသွင်ဖြင့် မြမြအလောင်းကို နေရာရွှေ့ခဲ့ ကြောင်း ပြောဆိုသည်။ 

ထိုဖြစ်ရပ်များကို ရဲတပ်ဖွဲ့က တောက်လျှောက်စုံစမ်းခဲ့ပြီး အ ခြေအမြစ်မရှိသည့် ကောလာဟ လများအဖြစ်သာ သုံးသပ် ကြောင်း တောင်ဒဂုံမြို့နယ်ရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 

မြမြဆိုသော အမျိုးသမီး သည် ကျောက်စိမ်းဖိနပ်စက်ရုံ စတင်တည်ထောင်သည့် ၂၀၁၆ မှ ယနေ့အထိ မရှိကြောင်းနှင့် အ ဆိုပါဖြစ်စဉ် စက်ရုံတွင်ဖြစ်ပွား ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့နှင့် ပူး ပေါင်း၍ သတင်းစာရှင်းလင်းပွဲပြု လုပ်မည်ဟု ကျောက်စိမ်းဖိနပ် စက်ရုံ HR မန်နေဂျာကိုဇော်ဇော် အောင်က ပြောသည်။ 

‘‘ဒီကိစ္စတကယ်ဆိုရင် ကျွန် တော်တို့ စက်ရုံအနေနဲ့ ဘာမှဖုံး ကွယ်ထားစရာမရှိပါဘူး။ ဖုံး ကွယ်စရာလည်း မလိုပါဘူး။ အခု လိုအခြေအနေ ဖြစ်လာတော့ ကျွန်တော်တို့ဘက်က ဒီကိစ္စတ ကယ်မဟုတ်တာကို စက်ရုံမှာရှိ တဲ့လူဦးရေစာရင်း၊ အဝင်၊ အ ထွက်စာရင်းတွေနဲ့ အားလုံးတိုက် စစ်၊ ပြည်သူကို ချပြပြီး သတင်း စာရှင်းလင်းသွားမှာပါ’’ ဟု ကို ဇော်ဇော်အောင်က ပြောသည်။ 

သတင်းစာရှင်းလင်းပွဲကို တောင်ဒဂုံမြို့နယ် ကျောက်စိမ်း ဖိနပ်စက်ရုံအတွင်း ဧပြီလမကုန် မီ ပြုလုပ်မည်ဟု ၎င်းကပြော သည်။ 

သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က အချက်အလက်များ ထောက်ပံ့မည်ဟု တောင်ဒဂုံမြို့ နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ 

မြမြကို သတ်၍ အလောင်း ဖျောက်ခဲ့သူများသည် Sweety Home ကုမ္ပဏီမှဟု စွပ်စွဲမှုများရှိ နေ၍ Sweety Home ကုမ္ပဏီ အနေနှင့်လည်း နစ်နာမှုရှိသော ကြောင့် သတင်းစာရှင်းလင်းပွဲ တွင် ပါဝင်မည်ဟု ကုမ္ပဏီတာဝန် ရှိသူများကပြောသည်။

7Day

0 comments:

Post a Comment