လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် UN-HABITAT Country Programme Manager, Mr.Bijay Karmacharya နှင့်အဖွဲ့ ဧပြီ ၂ ရက်က တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ဂျပန်နိုင်ငံ၏အလှူငွေဖြင့် RASSP စီမံကိန်း အကောင်အထည်ဖော်ရန် ကိစ္စ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UN-HABITAT အဖွဲ့အစည်းတို့အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကိစ္စရပ်များ၊ ဝန်ထမ်းများ စွမ်းရည်မြင့် မားရေးအတွက် သင်တန်းများပေး ခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများဖြင့် ပူးပေါင်းဆောင် ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်နေရာချထား ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ UN-HABITAT အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဂျပန်နိုင်ငံ၏အလှူငွေဖြင့် UN-HABITAT နှင့် MoU ရေးထိုး ဆောင်ရွက်မည့် Rakhine Settlements Support Project: RASSP စီမံကိန်း အကောင်အထည်ဖော်ရန် ကိစ္စ၊ စီမံချက်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု၏ သဘောထားအမြင်များကို နားထောင်ခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်၍ သက်ဆိုင်ရာအုပ်ချုပ်မှု အဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရ တို့နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
The Ladies News
0 comments:
Post a Comment