Monday, November 18, 2019

လားရှိုးမြို့ရှောင်လမ်းတွင် တိမ်းမှောက် ယာဉ်ငယ်ပေါ်မှ မူးယစ်ဆေးဝါးများ ထည့်ထားသော ဆပ်ပြာခွက် ၁၂၇ ခွက်ကို သိမ်းဆည်းရမိ

Image may contain: car and outdoor
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှောင်လမ်းတွင် တိမ်းမှောက်ထားသော ယာဉ်ငယ်ပေါ်မှ မူးယစ်ဆေးဝါးများ ထည့်ထားသော ဆပ်ပြာခွက် ၁၂၇ ခွက်ကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

လာရှိုးမြို့ မြို့ရှောင်လမ်း မိုင်တိုင် (၄/ ၅/ ၆) ကြား လမ်းဘေးရေမြောင်းအတွင်း တိမ်းမှောက်သွားသည့် ယာဉ်အား ယာဉ်ထိန်းတပ်ဖွဲ့မှ သယ်ဆောင်ပြီး စစ်ဆေးရာ မူးယစ်ဆေးဝါးများ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
“မြို့ရှောင်လမ်း ရေမြောင်းထဲမှာ တိမ်းမှောက်နေတဲ့ ယာဉ်ကို ယာဉ်ထိန်းက သယ်လာတယ်။ မသင်္ကာလို့ စစ်ဆေးကြည့်တဲ့အခါမှာ ဘိန်းဖြူမှုန့်တွေထည့်ထားတဲ့ ဆပ်ပြာခွက်တွေကို တွေ့ရလို့ မူးယစ်ကို လွှဲပြောင်း ပေးအပ်ခဲ့တာပါ။”ဟု အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စု (လားရှိုး)ရုံးမှ တာဝန်မှူးက ပြောသည်။
မူဆယ်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော Crown အမျိုးစား အဖြူရောင်ယာဉ် နံပါတ်မပါ ကား၏ ရှေ့မီးခွက်အတွင်းနှင့် ကားနောက်ဖုံးအတွင်းမှ ထည့်၍ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
“ကားတစ်စီးမှောက်နေတယ်လို့ ပြည်သူတစ်ဦးက သတင်းပေးလာလို့ သွားပြီးတော့ သယ်လာတာပါ။ ဒီရောက်တော့မှ ဆပ်ပြားခွက်တွေထဲမှာ ထည့်ထားတဲ့ မူးယစ်ဆေးတွေကို တွေ့ရတာပါ။ ကျန်တာတော့ မူးယစ်တပ်ဖွဲ့ကဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု လားရှိုးယာဉ်ထိန်းရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပါတယ်။ တိမ်းမှောက်မော်တော်ယာဉ်ပေါ်ကနေ ဘိန်းဖြူမှုန့်လို့ ယူဆရတဲ့ အမှုန့်တွေ ထည့်ထားတဲ့ ဆပ်ပြခွက် ၁၂၇ ခွက်ကို တွေ့ရှိ သိမ်းဆည်းခဲ့တာပါ။”ဟု လားရှိုးမြို့ မူးယစ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်မောင်း စုံစမ်းဆဲအား လားရှိုးမြို့မ ရဲစခန်းမှ မယ (ပ) ၁၂၀/၂၀၁၉၊ မူးစိတ် -၁၉(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး၊ လားရှိုးယာဉ်ထိန်းရုံးမှလည်း အဆိုပါ ယာဉ်အား လားရှိုးမြို့မ ရဲစခန်းတွင် ယာဉ်(ပ) ၃၇/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Image may contain: outdoor
Image may contain: shoes and outdoor
Zawgyi

0 comments:

Post a Comment