Sunday, November 24, 2019

နိုင်ငံ့‌ခေါင်းဆောင်များကို ICJ တွင် တရားစွဲသည့် ကိစ္စသည် အကဲစမ်းလိုက်တာဖြစ်သလို သတိထားကြရန် လိုအပ်ကြောင်း ဦးအေးနေဝင်း ပြောကြား

Image may contain: 1 person, closeupImage may contain: one or more people and indoor

ICJ တွင် မြန်မာနိုင်ငံ၏ အကြီးအကဲများကို တရားစွဲခြင်းသည် ခဲလုံးလေးနှင့် စမ်းပစ်လိုက်တာဖြစ်၍ ခဲလုံး ကြီးများကိုလည်း သတိထားရန် လိုအပ်ကြောင်း ဦးအေးနေဝင်းက ပြောကြားလိုက်သည်။

နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း အကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ICJ နှင့်ပတ် သက်၍ ၎င်းက ပြော ကြားခဲ့ခြင်းဖြစ်သည်။“ဂမ်ဘီယာဆိုတာ ကိုယ့်နိုင်ငံနဲ့လည်း ဟိုးအဝေးကြီးမှာ နေတဲ့ ဟာ။ ဘာမှလည်း ကိုယ်နဲ့လည်း စိတ်ဝင်စားမှုရှိတဲ့ဟာ မဟုတ်ဘဲ နဲ့ ဘယ်သူကမှ အလကား မတ်တင်းထပြီး တရားမစွဲဘူး။ သူ့နောက်မှာရှိတဲ့ အစ္စလမ်မစ်နိုင်ငံများ အဖွဲ့ချုပ်ဆိုပြီးတော့ ငွေကြေး တောင့်တင်းစွာနဲ့ ဝယ် လိုက်တာပဲ။ ဒါပေမဲ့ ဒါကကိုယ့်ဘက်မှာ နိုင်ခြေအများကြီးရှိတဲ့အနေအထားဖြစ်တယ်။ ဒါပေမဲ့ အဲဒီအနိုင်ရ တဲ့ ရလဒ်ကလေးအပေါ်မှာ ယစ်မူးပြီး ပျော်နေလို့တော့ မရဘူး။ ဒါဟာတစ်ဖက်ရန်သူက ခဲလုံးလေးနဲ့ပစ်ပြီး ကျွန်တော်တို့ကို စမ်း ကြည့်တာ။ အဲဒီခဲလုံးထက်ကြီးတဲ့ ခဲလုံးအကြီးကြီးနဲ့ ပစ်တာမျိုးတွေ လာနိုင်သေး တယ်” ဟု ၎င်းကပြောသည်။
နိုင်ငံပေါင်း ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်သည် ဟု စွပ်စွဲကာ နိုဝင်ဘာလဆန်းအတွင်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း အာဆာ အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီများ ထွက်ပြေးတိမ်းရှောင်မှုပြုလုပ်ခဲ့ကြပြီး ပြည်ပမီဒီယာများသို့ လူမျိုးတုန်း သတ်ဖြတ်နေသည်ဟု စွပ်စွဲပြောဆိုမှုများ၊ အဓမ္မပြုကျင့်သည်ဟု ပြောဆိုမှုများ၊ ဖော်ပြမှုများရှိခဲ့သည်။

“အိုအိုင်စီလို အဖွဲ့အစည်းမျိုးက ငွေကြေးအသပြာ မီဒီယာမှာ ဘယ်လောက်ဝင်ထားလည်း ဘယ်သူမှ မပြော နိုင်ဘူး။ နောက် တစ်ခုက လူမှုအဖွဲ့အစည်း ပညာရေး ၊ ကျန်းမာရေးလို့ ခေါင်းစဉ်တပ်ထားသော် လည်း ဒီအဖွဲ့အစည်းတွေ ငွေကြေးအသပြာ တွေ နောက်က တောင့်တင်းပြီးတော့ နောက်ကနေ လှုပ်ရှား နေတာ ဘယ်လောက်ပြည်တွင်းမှာရှိနေလဲ ကျွန်တော်တို့ မသိနိုင် ဘူး” ဟု အေးနေဝင်းကထပ်မံပြောသည်။
လက်ရှိတွင် ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားမှုအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တက်ရောက်ကာ ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
Image may contain: text
<zawgyi>
နိုင်ငံ့‌ခေါင်းဆောင်များကို ICJ တွင် တရားစွဲသည့် ကိစ္စသည် အကဲစမ်းလိုက်တာဖြစ်သလို သတိထားကြရန် လိုအပ်ကြောင်း ဦးအေးနေဝင်း ပြောကြား
Sunday,November 24, 2019

0 comments:

Post a Comment