ယခုလာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရွေး ကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်ပြီး ပြည်သူများထံသို့ ဆိုရှယ်မီဒီယာများပေါ်မှတဆင့် သတင်းတုသတင်းမှားတွေမပြန့်ပွားစေရေးအတွက် ရွေး/ကော်အနေဖြင့် ဖေ့စ်ဘုတ်ခ်ကုမ္ဗဏီနှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
လွန်ခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မြန်မာနိုင်ငံ၌ မိုဘိုင်းလ်ဖုန်း သုံးစွဲသူအရေအတွက်မှာ ခုနစ်သန်း ခန့်သာရှိပြီး ယခုနှစ်များတွင် ၂၁ သန်းခန့် ရှိနေပြီဖြစ်ကြောင်းသိရှိရပြီး သတင်းတု သတင်းမှားများ ၊ အမုန်းစကားများပိုမို များလာနိုင်ကြောင်း လည်းပြောကြားခဲ့သည်။
၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆွယ်စည်းရုံးမယ့် နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲဥပဒေနည်း ဥပဒေတွေနဲ့ အညီ ဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌက မေတ္တာရပ်ခံထားပြီး ကော်မရှင်အနေနဲ့ကတော့ နိုင်ငံရေးပါတီတွေမဲ ဆွယ်စည်းရုံးခြင်းနဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာတင်ပြလာရင် အထောက်အထား ခိုင်လုံပါကအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရသည်။ သည့်အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မည်သူက တိုင်တန်းသည်ဖြစ်စေ၊ ကန့်ကွက်လွှာတင်သည်ဖြစ်စေ မိမိတို့ကဥပဒေနည်းဥပဒေနဲ့ ဆောင်ရွက်ထားဖို့ကအဓိကသာဖြစ်တယ်လို့ ပြောကြားခဲ့သည်။
လက်ရှိတွင် ကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းများကို ဒေသအများစုမှာ ကောက်ယူထားပြီးဖြစ်ကာ ရွေးကောက်ပွဲအတွက် သင်တန်း ဆရာ ၅၀ ဦးကိုလည်း မွေးထုတ်ပြီး အဆိုပါ ၅၀ ဦး ကနေ ဆရာဖြစ်သင်တန်း ၃၀၃ ခုကိုလေ့ကျင့် သင်ကြားပေးမှာဖြစ်ကာ လက်ရှိ ဆရာဖြစ်သင်တန်း ၃၀၃ ခုမှ ကော်မရှင်ခွဲအဖွဲ့ဝင် ၂၆၄၀ ဦးရှိကြောင်းသိရသည်။
<<Zawgyi>>
၂၀၂၀ ရွေးကောက်ပွဲကြီးတွင် ဆိုရှယ်မီဒီယာများပေါ်၌ သတင်းမှားများမပြန့်ပွားစေရန် ဖေ့စ်ဘုတ်ခ်ကုမ္ပဏီနှင့် ရွေး/ကော် ပူးပေါင်း
Tuesday, November 19 , 2019
ယခုလာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရွေး ကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်ပြီး ပြည်သူများထံသို့ ဆိုရှယ်မီဒီယာများပေါ်မှတဆင့် သတင်းတုသတင်းမှားတွေမပြန့်ပွားစေရေးအတွက် ရွေး/ကော်အနေဖြင့် ဖေ့စ်ဘုတ်ခ်ကုမ္ဗဏီနှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
လွန်ခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မြန်မာနိုင်ငံ၌ မိုဘိုင်းလ်ဖုန်း သုံးစွဲသူအရေအတွက်မှာ ခုနစ်သန်း ခန့်သာရှိပြီး ယခုနှစ်များတွင် ၂၁ သန်းခန့် ရှိနေပြီဖြစ်ကြောင်းသိရှိရပြီး သတင်းတု သတင်းမှားများ ၊ အမုန်းစကားများပိုမို များလာနိုင်ကြောင်း လည်းပြောကြားခဲ့သည်။
၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆွယ်စည်းရုံးမယ့် နိုင်ငံရေးပါတီတွေကလည်း ရွေး ကောက်ပွဲဥပဒေနည်း ဥပဒေတွေနဲ့ အညီ ဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌက မေတ္တာရပ်ခံထားပြီး ကော်မရှင်အနေနဲ့ကတော့ နိုင်ငံရေးပါတီတွေမဲ ဆွယ်စည်းရုံးခြင်းနဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာတင်ပြလာရင် အထောက်အထား ခိုင်လုံပါကအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရသည်။ သည့်အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မည်သူက တိုင်တန်းသည်ဖြစ်စေ၊ ကန့်ကွက်လွှာတင်သည်ဖြစ်စေ မိမိတို့ကဥပဒေနည်းဥပဒေနဲ့ ဆောင်ရွက်ထားဖို့ကအဓိကသာဖြစ်တယ်လို့ ပြောကြားခဲ့သည်။
လက်ရှိတွင် ကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းများကို ဒေသအများစုမှာ ကောက်ယူထားပြီးဖြစ်ကာ ရွေးကောက်ပွဲအတွက် သင်တန်း ဆရာ ၅၀ ဦးကိုလည်း မွေးထုတ်ပြီး အဆိုပါ ၅၀ ဦး ကနေ ဆရာဖြစ်သင်တန်း ၃၀၃ ခုကိုလေ့ကျင့် သင်ကြားပေးမှာဖြစ်ကာ လက်ရှိ ဆရာဖြစ်သင်တန်း ၃၀၃ ခုမှ ကော်မရှင်ခွဲအဖွဲ့ဝင် ၂၆၄၀ ဦးရှိကြောင်းသိရသည်။
0 comments:
Post a Comment