Sunday, November 24, 2019

အိုင်စီဂျေတွင် သွားရောက်ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ မုံရွာမြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ်

Image may contain: 4 people, crowdImage may contain: 2 people, outdoor
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုခံထားရသည့်အမှုကို သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် လူထုလှုပ်ရှားမှုတစ်ခုကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက မုံရွာမြို့ရှိ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံး၌ တရားစွဲဆိုထားသည့်အမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းမည်ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထောက်ခံပွဲပြုလုပ်ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ပြောဆိုသည်။
'မြို့ခံလူထုတွေအနေနဲ့ အမေစုကို ထောက်ခံတဲ့ပွဲပေါ့။ မြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီး လုပ်ကြတာပါ။ ဘာသာပေါင်းစုံအဖွဲ့တွေလည်း ပူးပေါင်းပါဝင်ကြပါတယ်။ အခု ICJ နဲ့ပတ်သက်ပြီး အမေစုက သူရင်ဆိုင်ဖြေရှင်းမယ်ပေါ့။ ဒါကြောင့် သူ့ရဲ့ ရပ်တည်ချက်ကို ထောက်ခံတာပါ။ ကျွန်မတို့ မုံရွာအနေနဲ့ အမေစုကို အမြဲတမ်းထောက်ခံတယ်ဆိုတာကို ပြတာပါ'ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ လှုပ်ရှားမှုတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် ဝန်ကြီးများ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
Image may contain: 11 people, people smiling, crowd and outdoor
Image may contain: 2 people
Image may contain: 2 people, crowd and outdoor
Image may contain: 3 people, crowd and outdoor
Image may contain: one or more people, people on stage, crowd and outdoor
Image may contain: 1 person, text and outdoor
Image may contain: 5 people, crowd and outdoor

(Unicode)

အိုင်စီဂျေတွင် သွားရောက်ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ မုံရွာမြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုခံထားရသည့်အမှုကို သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် လူထုလှုပ်ရှားမှုတစ်ခုကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက မုံရွာမြို့ရှိ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံး၌ တရားစွဲဆိုထားသည့်အမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းမည်ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထောက်ခံပွဲပြုလုပ်ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ပြောဆိုသည်။
'မြို့ခံလူထုတွေအနေနဲ့ အမေစုကို ထောက်ခံတဲ့ပွဲပေါ့။ မြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီး လုပ်ကြတာပါ။ ဘာသာပေါင်းစုံအဖွဲ့တွေလည်း ပူးပေါင်းပါဝင်ကြပါတယ်။ အခု ICJ နဲ့ပတ်သက်ပြီး အမေစုက သူရင်ဆိုင်ဖြေရှင်းမယ်ပေါ့။ ဒါကြောင့် သူ့ရဲ့ ရပ်တည်ချက်ကို ထောက်ခံတာပါ။ ကျွန်မတို့ မုံရွာအနေနဲ့ အမေစုကို အမြဲတမ်းထောက်ခံတယ်ဆိုတာကို ပြတာပါ'ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ လှုပ်ရှားမှုတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် ဝန်ကြီးများ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment