Sunday, November 24, 2019

ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကိုတိုက်ခိုက်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံတော်မူဝါဒရှိနိုင်တယ်လို့ ICC မှ တရား သူကြီးများ စိုးရိမ်နေ

Image may contain: 1 person, sitting

ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို နိုင်ငံတော်အဆင့်မူဝါဒထားပြီး တိုက်ခိုက်ကောင်းတိုက်ခိုက်နိုင်တယ်လို့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) တရားသူကြီးတွေက စိုးရိမ်နေတယ်ဆိုပြီး ICCရှေ့နေဖာတူ ဘန်ဆူဒါက သောကြာနေ့မှာပြောပါတယ်။

“ရိုဟင်ဂျာတွေကိုတိုက်ခိုက်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့်မူဝါဒရှိတယ်လို့ယူဆနိုင်တဲ့ ခိုင်လုံတဲ့ အခြေခံ တွေရှိနေတယ်လို့ တရားသူကြီးတွေက လက်ခံကြတယ်။” ဆိုပြီး သူကပြောတာပါ။
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကိုကျူးလွန်ခဲ့တဲ့မှုခင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်ဖို့ ICCကခွင့်ပြုခဲ့တဲ့နောက် အခုလိုပြောလိုက်တာပါ။
တရားသူကြီးတွေရဲ့လေ့လာတွေ့ရှိချက်တွေအရ မြန်မာအစိုးရတပ်ဖွဲ့တွေ၊ တခြားနိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေဟာ မြေပြင်မှာ လူသားမျိုးနွယ်ကို ဆန့်ကျင်တယ်လို့ပြောလို့ ရတဲ့မှုခင်းတွေကို ကျူးလွန်ရာမှာ သိသိသာသာပါဝင်ခဲ့တယ်လို့ပြောနိုင်တဲ့ သတင်းရင်းမြစ်တွေရှိနေတယ်လို့ ရှေ့နေက ပြောတာပါ။
“အဲဒီအတင်းအကြပ်လုပ်ရပ်တွေက နှင်ထုတ်ပြီး လူမျိုးနဲ့ဘာသာကြောင့် ရိုဟင်ဂျာတွေကို ရက်စက် ကြမ်းကြုတ်တဲ့ဖြစ်ရပ်တွေကျူးလွန်ခဲ့တယ်ဆိုတဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်ကြောင်း အရည်အချင်း ပြည့်မီနေတယ်။”လို့လည်း ပြောပါတယ်။
ကျယ်ပြန်တဲ့နယ်ပယ်တွေမှာ စစ်ဆေးဖို့ တရားသူကြီးတွေကခွင့်ပြုထားတယ်လို့ပြောရင်း ဒါဟာ မြန်မာနိုင်ငံ က ရက်စက်မှုတွေအတွက် သိသာထင်ရှားတဲ့တိုးတက်မှုတစ်ခုဖြစ်လာတယ်လို့လည်း ဘန်ဆူဒါက ပြောပါ တယ်။
နိုဝင်ဘာ ၁၄ ရက်မှာ Pre-Trial Chamber IIIက ICCတရားသူကြီးတွေက မြန်မာ-ဘင်္ဂလားဒေ့ရှ်က အခြေအ နေတွေကို စုံစမ်းစစ်ဆေးဖို့ ရှေ့နေရုံးက အခွင့်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံက ICCအဖွဲ့ဝင်မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်ဖြစ်လို့ အဲဒီဆုံးဖြတ်ချက်ကို ကြိုဆို ကြောင်း ICCရှေ့နေကပြောပါတယ်။
Ref ;The Daily Star
<zawgyi>

0 comments:

Post a Comment