Friday, November 22, 2019

ရန်ကုန်(အရှေ့)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁)မှ ဗဟန်းမြို့နယ်တွင် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်(အရှေ့)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁)မှ တားဆီးနှိမ်နင်းရေး လုပ်ငန်း များဆောင်ရွက်စဉ် ဗဟန်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ ၁၄၄၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စု(၄၁)ရန်ကုန် (အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများ နှင့်အတူ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးအနောက်ရပ်ကွက်နေ တေဇာထွန်း(ခ)တေဇာ ၃၇ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်မှ ကြတ်ကြွတ်အိတ်၊ ဖန်ပုလင်း၊ ဒန်ဘူး၊ ပလတ်စတစ်စတို့ဖြင့် ထည့်ထားသည့် စုစုပေါင်းဆေးခြောက်အလေးချိန် ၁၃၈၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉.၆၆ သိန်း)၊ ပလတ်စတစ် ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၈၅ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၂၀.၅၅ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၃၉ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၉ သိန်း)၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဗဟန်း မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
<<Zawgyi>>

Friday , November 22 ,2019

0 comments:

Post a Comment