နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားအသေ ၂ ဦး ၊အရှင် ၃ ဦး ကို လက်နက်/ခဲယမ်း၊ မိုင်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား များဝင်ရောက် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာလ ၂၁ ရက် ၀၉၁၀ နာရီခန့်တွင် ခမောင်းဆိပ်ကျေးရွာ၏အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများဟုယူဆရသော မသင်္ကာဖွယ်ရာ ဘင်္ဂါလီ ၈ ဦးခန့်မှ သေနတ်ဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ARSA အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားအလောင်း ၂ လောင်း၊ အရှင် ၃ ဦးတို့အား လက်နက်/ခဲယမ်း၊ လက် လုပ်မိုင်း များနှင့် စားသောက်ကုန်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ကျေးရွာများအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေး အတွက် တပ်မတော်စစ်ကြောင်းများအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိ တရားခံများနှင့် လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများအား အောင်ဇူ နယ်မြေ ရဲစခန်းသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
<<Zawgyi>>
လက်နက်/ခဲယမ်း၊ လက်လုပ်မိုင်းများနှင့်အတူ ARSAအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား များအား ဖမ်းဆီးရမိ
Friday , November 22 ,2019
နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားအသေ ၂ ဦး ၊အရှင် ၃ ဦး ကို လက်နက်/ခဲယမ်း၊ မိုင်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား များဝင်ရောက် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာလ ၂၁ ရက် ၀၉၁၀ နာရီခန့်တွင် ခမောင်းဆိပ်ကျေးရွာ၏အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများဟုယူဆရသော မသင်္ကာဖွယ်ရာ ဘင်္ဂါလီ ၈ ဦးခန့်မှ သေနတ်ဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ARSA အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားအလောင်း ၂ လောင်း၊ အရှင် ၃ ဦးတို့အား လက်နက်/ခဲယမ်း၊ လက် လုပ်မိုင်း များနှင့် စားသောက်ကုန်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ကျေးရွာများအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေး အတွက် တပ်မတော်စစ်ကြောင်းများအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိ တရားခံများနှင့် လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများအား အောင်ဇူ နယ်မြေ ရဲစခန်းသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News #ARSA #အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်
0 comments:
Post a Comment