Sunday, November 24, 2019

ဧရာဝတီတိုင်းတွင် ပေါ်ဆန်းရင်စပါး ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသဖြင့် လယ်သမားများ အခက်အခဲ များနှင့် ကြုံတွေ့နေရ

ဧရာဝတီတိုင်းဒေသကြီးမှာ ဆန်ချောစပါးအုပ်စုဖြစ်တဲ့ ပေါ်ဆန်းရင်စပါးဈေးနှုန်းတွေ ဆက်တိုက်ကျဆင်း နေတဲ့အတွက် ပေါ်ဆန်းရင်စပါးစိုက် လယ်သမားတွေ အခက်အခဲများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ပေါ်ဆန်းရင်စပါးဈေးနှုန်းဟာ ၂ဝ၁၅ ခုနှစ်က စတင်ပြီး စပါးတင်း ၁ဝဝ ကို ကျပ် ၈ သိန်းဈေးအထက် ပေါက် ဈေး ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလအချိန်က ၁၃ သိန်းကျပ်ဈေးနှုန်းအထိ စံချိန်တင်ဈေး နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါတယ်။
ယမန်နှစ်က စံချိန်တင်ဈေးမြင့်တဲ့အတွက် ၂ဝ၁၈ မိုးစပါးပေါ်ချိန်မှာ ဆန်ကုန်သည်တချို့၊ ဆန်စက်ပိုင်ရှင် တချို့နဲ့ ပိုက်ဆံတတ်နိုင်တဲ့ လယ်သမားတချို့တွေဟာ ပေါ်ဆန်းရင်စပါးကို တင်း ၁ဝဝ ကို ၉ သိန်း ပတ်ဝန်း ကျင် ဈေးပေးပြီး ဝယ်ယူသိုလှောင်ခဲ့ကြပါတယ်။
သို့သော်ပေါ်ဆန်းရင်စပါးဈေးဟာ ၂ဝ၁၉ ခုနှစ်ထဲ ရောက်လာချိန်မှာ တအိအိကျဆင်းခဲ့တဲ့အတွက် စပါး လှောင် သမားများ အရှုံးပေါ်ခဲ့သလို လက်ရှိမှာ စံချိန်တင်ဈေးကျနေ့တဲအတွက် စပါးစိုက်လယ်သမားများ စိုက်ပျိုးစရိတ် မကာမိဘဲ အခက်အခဲများ ကြုံတွေ့နေရကြောင်း လယ်သမားများထံက သိရပါတယ်။
လက်ရှိမှာ ဆန်ချောအုပ်စုဖြစ်တဲ့ ပေါ်ဆန်းရင်စပါးဈေးနှုန်းလည်း ကျနေသလို ဆန်ကြမ်းအုပ်စုဖြစ်တဲ့ ဆင်းသုခ၊ မနောသုခနဲ့ သီးထပ်ရင်စပါးဈေးများဟာလည်း တင်း ၁ဝဝ ကို ၄ သိန်းပတ်ဝန်းကျင်ဈေးအထိ ဆိုးရွားစွာ ကျဆင်းနေကြောင်း သိရပါတယ်။
<zawgyi>

Monday,November 25, 2019

0 comments:

Post a Comment