Sunday, November 24, 2019

မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာသည့် ပေါ်ဦးပေါ်ဖျား နှမ်းနက်နှင့်နှမ်းဖြူအသစ်များ

Image may contain: food

ယခုရက်ပိုင်းအတွင်း ဆောင်းဦးရာသီ အဖြစ် ဗန်းမော်၊ ကသာ၊ ထီးချိုင့် မြို့နယ်များမှ စတင်ထွက်ရှိလာသည့် ပေါ်ဦး ပေါ်ဖျား နှမ်းနက်များနှင့် ရွှေဘို၊ ဝက်လက်မြို့နယ်များမှ ထွက်ရှိလာ သည့် နှမ်းဖြူအသစ်များ မန္တလေး ဈေးကွက်သို့ အဖွင့်ဈေး ကောင်းစွာဖြင့် စတင်ဝင်ရောက်လာကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

ယခုရာသီတွင် ထွက်ရှိလာသည့် ဆောင်းဦးနှမ်းနက်နှင့် နှမ်းဖြူများ အနက် နှမ်းနက်မှာ မကွေးတိုင်းဒေသ ကြီးမှ ထွက်ရှိသည့် မိုးဦးနှမ်းနက် များထက် အရည်အသွေး ပိုမို ကောင်းမွန်သဖြင့် လက်ရှိတွင် ဈေးကွက်အတွင်း၌ လက်ကျန် မိုးဦး နှမ်းနက်ဈေးနှုန်းမှာ သုံးတင်းဝင် တစ်အိတ်လျှင်ငွေကျပ် ၂၅၀၀၀၀ ဈေး ရှိသော်လည်း ယခုထွက်ရှိလာသည့် ဆောင်းဦးနှမ်းနက်များမှာ ငွေကျပ် ၂၅၈၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့ သည့်အပြင် ဆောင်းဦးနှမ်းဖြူများ မှာလည်း မန္တလေးဈေးကွက် အတွင်း ယခင်နှစ် ကာလတူထက် ဈေးနှုန်း အနည်းငယ်မြင့်တက်ကာ သုံးတင်း ဝင်တစ်အိတ်လျှင်ငွေကျပ် ၁၅၂၀၀၀ နှုန်းဖြင့် အဖွင့်ဈေးကောင်းလျက်ရှိ ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။
‘‘ဗန်းမော် ကသာဒေသက ထွက်ရှိလာတဲ့ နှမ်းနက်တွေကတော့ နှစ်စဉ် ဆောင်းဦးပေါက် ဒီလိုရာသီမှာ မန္တလေးဈေးကွက်ကို အချိန်မှန် ဝင် ရောက်လေ့ရှိတယ်။ မနှစ်က ဒီလို အချိန်မှာ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ်နှစ်သိန်းသုံးသောင်းပဲရှိတဲ့ ဒီနှမ်းနက်က ဒီနှစ်မှာတော့ နှစ်သိန်း ငါးသောင်း ရှစ်ထောင်ကျပ်ဈေးအထိ အဖွင့်ဈေးအမြင့်နဲ့ အရောင်းသွက်နေ ပါတယ်။ နယ်စပ်မှာ အခြားကုန်ပစ္စည်း တွေ အရောင်းအဝယ်ထိုင်းမှိုင်းနေပေမယ့် ဒီနှမ်းနက်ကတော့ တရုတ် ဈေးကွက်မှာ ဝယ်လို အား အမာခံရှိနေ တဲ့အတွက် အရောင်းအဝယ်ပုံမှန် သွက်နေပါတယ်။ ဒီနှမ်းနက်လိုပဲ ပြောင်းနဲ့ စပါးသီးနှံတွေလည်း ဘယ်လိုစိန်ခေါ်မှုမျိုးပဲရှိရှိ ပုံမှန် အရာင်းသွက်နေဖို့ ၂၀၂၀ ကာလမှာ တောင်သူနဲ့ ကုန်သည်တွေအားလုံး မျှော်လင့်နေကြပါတယ်’’ ဟု ၎င်းက ပြောသည်။

နှမ်းနက်ကို ပြည်တွင်း၌ စားသုံး မှုအလွန်နည်းပါးကာ ပြည်ပပို့ကုန် အတွက်သာ အားထားစိုက်ပျိုးသည့် သီးနှံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ဈေးကွက်မှ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများထုတ်လုပ်ရန် အဓိက ဝယ်ယူလျက်ရှိသည့်အပြင် ဂျပန် နိုင်ငံမှလည်း နှစ်စဉ်ဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။
အဆိုပါ နှမ်းနက်ကို မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထွက်ရှိပြီး ကချင်ပြည်နယ်တွင် ဆောင်းဦးသီးနှံ အဖြစ် စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။
Image may contain: plant, outdoor, nature and water
Image may contain: 1 person, outdoor and nature
သတင်း-#မင်းထက်အောင်(မန်းကိုယ်ပွား)

<<Zawgyi>>
မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာသည့် ပေါ်ဦးပေါ်ဖျား နှမ်းနက်နှင့်နှမ်းဖြူအသစ်များ
Monday,November 25, 2019

ယခုရက်ပိုင်းအတွင်း ဆောင်းဦးရာသီ အဖြစ် ဗန်းမော်၊ ကသာ၊ ထီးချိုင့် မြို့နယ်များမှ စတင်ထွက်ရှိလာသည့် ပေါ်ဦး ပေါ်ဖျား နှမ်းနက်များနှင့် ရွှေဘို၊ ဝက်လက်မြို့နယ်များမှ ထွက်ရှိလာ သည့် နှမ်းဖြူအသစ်များ မန္တလေး ဈေးကွက်သို့ အဖွင့်ဈေး ကောင်းစွာဖြင့် စတင်ဝင်ရောက်လာကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။
ယခုရာသီတွင် ထွက်ရှိလာသည့် ဆောင်းဦးနှမ်းနက်နှင့် နှမ်းဖြူများ အနက် နှမ်းနက်မှာ မကွေးတိုင်းဒေသ ကြီးမှ ထွက်ရှိသည့် မိုးဦးနှမ်းနက် များထက် အရည်အသွေး ပိုမို ကောင်းမွန်သဖြင့် လက်ရှိတွင် ဈေးကွက်အတွင်း၌ လက်ကျန် မိုးဦး နှမ်းနက်ဈေးနှုန်းမှာ သုံးတင်းဝင် တစ်အိတ်လျှင်ငွေကျပ် ၂၅၀၀၀၀ ဈေး ရှိသော်လည်း ယခုထွက်ရှိလာသည့် ဆောင်းဦးနှမ်းနက်များမှာ ငွေကျပ် ၂၅၈၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့ သည့်အပြင် ဆောင်းဦးနှမ်းဖြူများ မှာလည်း မန္တလေးဈေးကွက် အတွင်း ယခင်နှစ် ကာလတူထက် ဈေးနှုန်း အနည်းငယ်မြင့်တက်ကာ သုံးတင်း ဝင်တစ်အိတ်လျှင်ငွေကျပ် ၁၅၂၀၀၀ နှုန်းဖြင့် အဖွင့်ဈေးကောင်းလျက်ရှိ ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။
‘‘ဗန်းမော် ကသာဒေသက ထွက်ရှိလာတဲ့ နှမ်းနက်တွေကတော့ နှစ်စဉ် ဆောင်းဦးပေါက် ဒီလိုရာသီမှာ မန္တလေးဈေးကွက်ကို အချိန်မှန် ဝင် ရောက်လေ့ရှိတယ်။ မနှစ်က ဒီလို အချိန်မှာ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ်နှစ်သိန်းသုံးသောင်းပဲရှိတဲ့ ဒီနှမ်းနက်က ဒီနှစ်မှာတော့ နှစ်သိန်း ငါးသောင်း ရှစ်ထောင်ကျပ်ဈေးအထိ အဖွင့်ဈေးအမြင့်နဲ့ အရောင်းသွက်နေ ပါတယ်။ နယ်စပ်မှာ အခြားကုန်ပစ္စည်း တွေ အရောင်းအဝယ်ထိုင်းမှိုင်းနေပေမယ့် ဒီနှမ်းနက်ကတော့ တရုတ် ဈေးကွက်မှာ ဝယ်လို အား အမာခံရှိနေ တဲ့အတွက် အရောင်းအဝယ်ပုံမှန် သွက်နေပါတယ်။ ဒီနှမ်းနက်လိုပဲ ပြောင်းနဲ့ စပါးသီးနှံတွေလည်း ဘယ်လိုစိန်ခေါ်မှုမျိုးပဲရှိရှိ ပုံမှန် အရာင်းသွက်နေဖို့ ၂၀၂၀ ကာလမှာ တောင်သူနဲ့ ကုန်သည်တွေအားလုံး မျှော်လင့်နေကြပါတယ်’’ ဟု ၎င်းက ပြောသည်။

နှမ်းနက်ကို ပြည်တွင်း၌ စားသုံး မှုအလွန်နည်းပါးကာ ပြည်ပပို့ကုန် အတွက်သာ အားထားစိုက်ပျိုးသည့် သီးနှံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ဈေးကွက်မှ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများထုတ်လုပ်ရန် အဓိက ဝယ်ယူလျက်ရှိသည့်အပြင် ဂျပန် နိုင်ငံမှလည်း နှစ်စဉ်ဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။
အဆိုပါ နှမ်းနက်ကို မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထွက်ရှိပြီး ကချင်ပြည်နယ်တွင် ဆောင်းဦးသီးနှံ အဖြစ် စိုက်ပျိုးထွက်ရှိကြောင်း သိရ သည်။
သတင်း-#မင်းထက်အောင်(မန်းကိုယ်ပွား)

0 comments:

Post a Comment