Thursday, November 21, 2019

ပုပ်ရဟန်းမင်းကြီးရဲ့ ထိုင်းနိုင်ငံခရီးစဉ်

ပုပ်ဖရန့်စစ် ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို လူငယ်ထုနဲ့ တွေ့ဆုံပြီး ဒီကနေ့ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ဗန်ကောက်မြို့အပြင်ဘက်ရှိ သက်တမ်း ၁၃၀ ကျော် စိန့်ပီတာ ခရစ်ယန် ဘုရားကျောင်း သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းရဲ့ အာရှခရီးစဉ်ဟာ ဘာသာပေါင်းစုံဟာမိုနီဖြစ်ရေးအတွက် သတင်းစကားပေးချင် တဲ့ သင်္ကေတကို ဆောင်ပါတယ်။ ထိုင်းနိုင်ငံက မူဆလင်လူငယ်တွေကလည်း ပုပ်ရဟန်းမင်းကြီး အတွက် choir သီဆိုပေးဖို့ လေ့ကျင့်နေတာကိုလည်း တွေ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မနေ့က ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံခဲ့သလို ထိုင်းဘုရင်နဲ့ မိဖုရားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကလည်း ပုပ်ရဟန်းမင်းကို ကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် လူထုနဲ့တွေ့ဆုံရာမှာ အမျိုးသမီးနဲ့ ကလေးများတွေအကြောင်းနဲ့ပတ်သတ်ပြီး ပြောကြားရာတွင် လိင်လုပ်သားတွေနဲ့ လူကုန်ကူးခံရသူတွေကို ပိုပြီးကြင်နာလေးစားစွာဆက်ဆံဖို့ ပြောဆိုခဲ့ပါတယ်။
မနက်ဖြန် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
Image may contain: 1 person, standing
Image may contain: one or more people
Image may contain: 3 people, people standing and indoor
Image may contain: 2 people, crowd and outdoor
Image may contain: 3 people, people standing
Image may contain: 2 people, people sitting and indoor
Image may contain: 8 people, table and indoor
<<Zawgyi>>
ပုပ်ရဟန်းမင်းကြီးရဲ့ ထိုင်းနိုင်ငံခရီးစဉ်
Friday , November 22 ,2019

ပုပ်ဖရန့်စစ် ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို လူငယ်ထုနဲ့ တွေ့ဆုံပြီး ဒီကနေ့ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ဗန်ကောက်မြို့အပြင်ဘက်ရှိ သက်တမ်း ၁၃၀ ကျော် စိန့်ပီတာ ခရစ်ယန် ဘုရားကျောင်း သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းရဲ့ အာရှခရီးစဉ်ဟာ ဘာသာပေါင်းစုံဟာမိုနီဖြစ်ရေးအတွက် သတင်းစကားပေးချင် တဲ့ သင်္ကေတကို ဆောင်ပါတယ်။ ထိုင်းနိုင်ငံက မူဆလင်လူငယ်တွေကလည်း ပုပ်ရဟန်းမင်းကြီး အတွက် choir သီဆိုပေးဖို့ လေ့ကျင့်နေတာကိုလည်း တွေ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မနေ့က ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံခဲ့သလို ထိုင်းဘုရင်နဲ့ မိဖုရားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကလည်း ပုပ်ရဟန်းမင်းကို ကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် လူထုနဲ့တွေ့ဆုံရာမှာ အမျိုးသမီးနဲ့ ကလေးများတွေအကြောင်းနဲ့ပတ်သတ်ပြီး ပြောကြားရာတွင် လိင်လုပ်သားတွေနဲ့ လူကုန်ကူးခံရသူတွေကို ပိုပြီးကြင်နာလေးစားစွာဆက်ဆံဖို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံလူဦးရေရဲ့ ၀.၅ ရာခိုင်နှုန်းဟာ ကတ်သရစ်ဘာသာဝင် ဖြစ်ပြီး စုစုပေါင်း ၄၀၀,၀၀၀ ခန့် သာရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက ပုပ်ဂျွန်ပေါလ်-၂ ဟာ ထိုင်းနိုင်ငံကိုလာရောက်ဖူး ပါတယ်။
မနက်ဖြန် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment