Sunday, November 24, 2019

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်တွင် ဖမ်းဆီးရမိသော ခိုးဝင်ဘင်္ဂလီများအား တရားစွဲဆို ပြစ်ဒဏ်ချမှတ်

Image may contain: one or more people, outdoor and nature

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊(ဆောင်ပန်းချိုင်(ခ)ကျောက်မောင်နှမ) တွင်(၂၀.၁၁. ၂၀၁၉) ရက်နေ့ နံနက်(၈)နာရီအချိန်၌ ခိုးဝင်ရောက်ရှိလာသော ဘင်္ဂါလီများအား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံ ဘင်္ဂါလီလူမျိုး ကျား(၉)ဦး ၊ မ(၁၃)ဦး၊ ပေါင်း(၂၂)ဦးအား (၂၂.၁၁.၂၀၁၉) ရက်နေ.မွန်းလွှဲ (၂း၃၅) နာရီတွင်ပုသိမ်မြို့နယ်လဝကဒုလဝကမှူး ဦးစိန်ဝင်းမှ ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်အက်ဥပဒေပုဒ်မ၆(၁)/၆(၂)/၆(၃)/ တို့ဖြင့်တရားရုံးသို့ဦးတိုက်လျှောက်ထားရာ
အသက်(၁၈)နှစ်မပြည့်သေးသည့် ဇီရာမန်(ကျား)(၁၆)နှစ်(ဘ)ဟော်ဘီရာမွတ်ပါ ဘင်္ဂါလီ ကျား(၂)ဦး ၊ မ(၆) ဦး၊ ပေါင်း(၈)ဦးတို့အား ကလေးသူငယ် ရာကြီးအမှု အမှတ်(၇၄/၂၀၁၉)ဖြင့်လက်ခံစစ်ဆေးပြီး ရန်ကုန်တိုင်း ဒေသကြီးကော့မှူးမြို့နယ် ငှက်အော်စမ်းကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင် (၂၂. ၁၁. ၂၀၁၉) ရက်နေ့မှ (၂၂.၁၁.၂၀၂၁)ရက်နေ့အထိထိန်းသိမ်းထားရန်သတ်မှက်ရက်ပြည့်ပါက ၎င်းတို့ နေရပ် အသီးသီးသို့ ပြန်လည်ပိုဆောင်ရန် ပုသိမ်မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး အသက်(၁၈) နှစ်ပြည့်ပြီးသူ မာမောက်ဟူဆွန် (ကျား) (၁၈)နှစ် ၊ (ဘ)ဆူလေမန် ပါကျား(၇)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၄)ဦး အားပုသိမ်မြို့နယ် တရားရုံးမှ အမှုအမှတ်(၅၃၈၃/၂၀၁၉)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီးတရားလိုနှင့်လိုပြသက်သေများစစ်ဆေး
ရန်အတွက် (၂၉.၁၁.၂၀၁၉)ရက်နေ့နံနက်(၁၁)နာရီသို့ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။

၎င်းဘင်္ဂါလီများအား ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် ကျောက်မောင်နှမ တွင်ဘဂ်ါလီများ ရောက်ရှိနေစဉ်ပင်လယ်လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေသော ရေတပ်(၅၅၁)ဗိုလ်မှူးနန်းဦးမှတွေ့ရှိ၍ အကြောင်းကြားသည့်အတွက် ရွှေသောင်ယံမြို့နယ် ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး စိုင်းနော်နော်၊ရွှေသောင်ယံ မြို့မရဲစခန်းမှစခန်းမှူးကျော်စိုးနိုင် နှင့်အဖွဲ့ ၊ ချောင်းသာမြို့မရဲတပ်ဖွဲ့မှ စခန်းမှူးထွန်းထွန်းဝင်း နှင့်အဖွဲ့ ၊
စရဖ မှ ဆရာကြီးစောနိုင် ၊ဘောမိ ကျေးရွာ နှင့် ဂျိတ်လက် ကျေးရွာများမှ ရာအိမ်မှူး ၊ ဆယ်အိမ်မှူး များ တို့ စုပေါင်း၍ဘင်္ဂါလီများရောက်ရှိနေသော ကျောက်မောင်နှမသို့ သွားရောက် စစ်ဆေးမေးမြန်း ဖမ်းဆီးခဲ့ ကြခြင်းဖြစ်သည်။
Pathein Thein Than
<zawgyi>

0 comments:

Post a Comment