Tuesday, May 19, 2020

ယနေ့နံနက်ပိုင်းCOVID-19 ထပ်တိုးလူနာမရှိကြောင်း သတင်းထုတ်ပြန်

No photo description available.
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၃၇၅)ခုအား (၁၉-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
၂။ (၂၀-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၃) ဦးရှိပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case)များအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၄) ဦးရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။
၅။ (၁၉-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၅၅၉) ခုနှင့် ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲနမူနာ (၁၅၉) ခု၊ စုစုပေါင်း (၇၁၈) ခုအား စစ်ဆေးခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment