Tuesday, May 19, 2020

မြန်မာနိုင်ငံမှာ COVID- 19 ရောဂါပိုးကင်းစင်နယ်မြေအဖြစ် ကယားပြည်နယ်တစ်ခုသာကျန်ရှိ

Image may contain: cloud, sky and outdoor

မြန်မာနိုင်ငံမှာ COVID- 19 ရောဂါပိုးမတွေ့ရှိတဲ့ နေရာအဖြစ် ယနေ့ညအထိ ကယားပြည်နယ် တစ်ခုသာကျန်ရှိပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာတော့ အတည်ပြုလူနာတွေကို တွေ့ရှိထားတာဖြစ်ပါတယ်။

နိုင်ငံအတွင်း COVID -19 ရောဂါပိုး စတင်ဖြစ်ပွားခဲ့စဉ်ကတည်းက ပိုးတွေ့လူနာ ကင်းစင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ရခိုင်ပြည် နယ်နဲ့ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်တို့မှာတော့ ယခုရက်ပိုင်းအတွင်းမှာ ပိုးတွေ့လူနာတွေတွေ့ရှိခဲ့တာကြောင့် ရောဂါပိုးကင်းစင်တဲ့နယ်မြေအဖြစ် ကယားပြည်နယ်တစ်ခုသာကျန်ရှိတော့တာဖြစ်ပါတယ်။
“ ကျွန်တော်တို့ကယားပြည်နယ်အတွင်းမှာတော့ မြို့နယ် (၇)ခုရှိပါတယ်။ COVID ကာကွယ်ရေးအနေနဲ့ မြို့နယ်အလိုက် အဝင်အထွက်ဂိတ်တွေကို သေချာစစ်တယ်။ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ရန်ကုန်ကလာတဲ့သူတွေကိုတော့ Quarantine ဝင်ခိုင်းတယ်။ တခြားတိုင်းနဲ့ပြည်နယ်တွေက လာရင်တော့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး ဝင်ထွက်သွားလာခွင့်တွေခွင့်ပြုပါတယ်” လို့ ကယားပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
လက်ရှိကယားပြည်နယ်မှာတော့ ပြည်ပကပြန်လာလို့ Quaranrine ထားရှိထားသူ (၁၀)ဦးကျော်ရှိပြီး အများစုက ထိုင်းကပြန်လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ COVID19 ကူးစက်ခံရသူက မေလ(၁၉)ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အထိ အတည်ပြုလူနာ (၁၉၃)ဦးရှိပြီး ရန်ကုန်တိုင်းက (၁၄၉)ဦး၊ ရှမ်းပြည်နယ်က (၈)ဦး၊စစ်ကိုင်းတိုင်(၇)ဦး၊ ပဲခူးတိုင်းက (၇)ဦး၊ ချင်းပြည်နယ်က (၇)ဦး၊ မန္တလေးက (၃)ဦး၊ နေပြည်တော်က (၂)ဦး၊ ကရင်ပြည်နယ်က (၂)ဦး၊ မကွေးတိုင်းက (၂)ဦး၊ ရခိုင်ပြည်နယ်က (၂)ဦး၊ ကချင်ပြည်နယ်က (၁)ဦး၊ တနင်္သာရီတိုင်းက (၁)ဦး၊ မွန်ပြည်နယ်က (၁)ဦးနဲ့ ဧရာဝတီက (၁)ဦးတို့ဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိထားသူ (၁၉၃)ဦးထဲမှာ (၁၀၄)ဦး ရောဂါပိုးကင်းစင်သူအနက်(၉၁)ဦးက ဆေးရုံကဆင်းခွင့်ရရှိပြီး သေဆုံးသူ(၆)ဦးရှိပါသည်။
Ref; Duwun

0 comments:

Post a Comment