Tuesday, September 15, 2015


အမေရိကန် ပြည်ထောင်စုမှာ အမျိုးသမီး စစ်သည်တွေ အတွက် စည်းကမ်းတစ်ခု ထုတ်ပြန်ခဲ့မှုကို ကန့်ကွက်တဲ့ လူပ်ရှားမှု တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ အမျိုးသမီး စစ်သည်တွေ အနေနဲ့ ရင်သွေးဖြစ်သူကို နို့ချိုတိုက်ကျွေးရာမှာ လူမြင်ကွင်းမှာ မပြုလုပ်ဖို့ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ နို့ချို တိုက်ကျွေးလိုပါက လူမရှိတဲ့နေရာ၊ သတ်မှတ်ထားတဲ့ အခန်းတို့မှာ ပြုလုပ်ပေးဖို့ စည်းကမ်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို အမေရိကန် စစ်သည်ဟောင်း အမျိုးသမီး တစ်ဦးက မကျေမနပ်ဖြစ်ပြီး ကန့်ကွက်ခဲ့ပါတယ်။တာရာရူဘီဟာ ၁၉၉၇ မှ ၂၀၀၁ အထိ စစ်မှုထမ်းခဲ့သူဖြစ်ပြီး ဓာတ်ပုံဆရာအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ဒီသတင်းကို ကြားသိပြီးနောက် ရူဘီဟာ ကန့်ကွက်ကြောင်း လူပ်ရှားမူပြုလုပ်တဲ့ အနေနဲ့ အမျိုးသမီး စစ်သည် (၁၀) ဦး နို့ချို တိုက်ကျွေးနေတဲ့ ဓာတ်ပုံရိုက်ကူးပြီးFacebook မှာ တင်ရှိခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ ခဏအတွင်း ထင်ရှားသွားပေမယ့် ပြန်လည် ဖြုတ်ချခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Facebook ဟာ ၀တ်လစ်စလစ်ပုံတွေ တင်ခွင့် မပေးခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ရူဘီဟာ ပြန်လည် တင်ရှိခဲ့တယ်လို့ သိရပါတယ်။

ရူဘီက ဓာတ်ပုံတင်ရှိပြီးနောက် မိမိတို့အနေဖြင့် သမိုင်းဝင်ဖြစ်ရပ် တစ်ခုကို ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် အမျိုးသမီး စစ်သည်များ လွတ်လပ်စွာ နို့တိုက်ကျွေးခွင့်ရရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ချီးကျူးခံရသလို တစ်ဖက်မှာလည်း ဝေဖန်ခံခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဓာတ်ပုံတွေ ရိုက်ကူးရာမှာ စည်းကမ်းတွေနဲ့ ညီညွတ်မှု ရှိသလားဆိုတဲ့ မေးခွန်းကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ရူဘီက စစ်ဝတ်စုံ ၀တ်ဆင်ပြီး အမျိုးသမီး စစ်သည်တွေ နို့ချိုတိုက်ကျွေးနေခြင်း ဓာတ်ပုံရိုက်ကူးခြင်းဟာ ထိရောက်တဲ့ လူပ်ရှားမှု တစ်ခုဖြစ်ခြင်းကြောင့် ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။

Messenger News Journal

0 comments:

Post a Comment