Tuesday, September 15, 2015

နိယာမ တရားကိုယုံတဲ့ သင်ဇာနွယ်ဝင်း


ဇာတ်ကားတွေ ရိုက်ကူးမှုများလာတဲ့ သရုပ်ဆောင် သင်ဇာနွယ်ဝင်းက အရာရာတိုင်းမှာ အသွားအပြန် ရှိတယ်လို့ ဖွင့်ဟသွားပါတယ်။

“ညီမ လက်ရှိအခြေအနေ ပြောရရင် ဘယ်အရာမဆို လေ့လာနေတုန်းပါပဲ။ ဒီအနုပညာဆိုတဲ့ အရာက ခက်ခဲနက်နဲတယ်။ နောက်နားလည်ရလည်း ခက်ပါတယ်။ အနုပညာရှင် တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ဆိုတာ အများကြီး ပေးဆပ်ရတယ်။ ဒါမှလည်း ပရိသတ်ရဲ့အားပေးမှုကို ရမှာပါ။ လောကရဲ့ နိယာမ အတိုင်းပဲ အရာရာတိုင်းမှာ အသွားအပြန်တော့ ရှိပါတယ်။ ကြိုးစားမှုက အချည်းနှီးတော့ မဖြစ်ပါဘူး။ ကိုယ့်ဘက်က ဘာတစ်ခုမှ မပေးဆပ်ဘဲနဲ့တော့ မျှော်လင့်နေလို့ မရဘူးလေ။ ဒါကြောင့် ညီမဘက်က တတ်နိုင်သလောက် ဒီသရုပ်ဆောင် အလုပ်ကို အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။လက်ရှိမှာတော့ သဘာဝ ဇာတ်ရုပ်တွေ အရိုက်များနေပေမယ့် ဖန်စီလေးတွေကိုလည်း ပရိသတ်ကြီးအတွက် တင်ဆက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Messenger News Journal

0 comments:

Post a Comment