ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကြည်လင်းအပါအဝင် ၄ဦးကို ဒီကနေ့ရုံးချိန်းမှာ စွဲချက်တင်အမိန့်ချလိုက်ပြီဖြစ်ပါတယ်။
သေနတ်သမားကြည်လင်း၊ အောင်ဝင်းဇော်နဲ့ဇေယျာဖြိုးတို့ကိုပုဒ်မ ၃၀၂(၁)(ခ)/၃၄ နဲ့ စွဲချက်တင်ခဲ့ပြီး အမြင့် ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိချမှတ်နိုင်တယ်လို့သိရပါတယ်။
အောင်ဝင်းဇော်ကို ကားမောင်းပို့ခဲ့တဲ့ အောင်ဝင်းထွန်းကို အားပေးကူညီမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ နဲ့စွဲချက်တင်အမိန့်ချလိုက်ပါတယ်။
အမှုကထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ အောင်ဝင်းခိုင်ကိုလည်းရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၈ အရ တရားခံပြေးအဖြစ်အမိန့်ချခဲ့ပြီး မည်သူမဆို တွေ့တဲ့နေရာမှာ ဖမ်းဆီးပိုင်ခွင့်ရှိတယ်ရုံးတော်မှ ဒီကနေ့အမိန့်ချပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရုံးချိန်းမှာ ကြည်လင်းတို့ကို လာရောက်ဝန်းရံခဲ့တဲ့ " ထမင်းဝအောင်စားထား" စာသားပါ အကျီဝတ်ဆင်ထားသူအပါအဝင် ၄ဦးကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ခနဲ့ အာမခံဝရမ်း ထုတ်ပေးခဲ့ပြီးရဲတပ်ဖွဲ့ကို ဖမ်းဆီးခွင့်ပေးလိုက်ပြီဖြစ်တယ်လို့ ဦးကိုနီမိသားစုဘက်မှရှေ့နေ ဦးခင်မောင်ဌေး က မီဒီယာများကိုပြောပါတယ်။
သတင်း - ဖြိုးထက်အောင်
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
Popular News Journal
0 comments:
Post a Comment