Monday, February 19, 2018

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုအရ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့က ဆွစ်ဖရန့် ၁၇ သန်းတန်ဖိုးရှိ အစားအစာ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့


ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့က ဆွစ်ဖရန့် ၁၇ သန်းတန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ကူညီထားကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ UNHCR စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ်၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့၊ အာဆီယံနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းအသီးသီးတို့က အကူအညီများပေးလျက်ရှိကြောင်းနှင့် လက်ရှိအထိ နိုင်ငံတော် အစိုးရက ကျပ် ၄၇၉ ဒသမ ၆၀ သန်းတန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၊ ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့က ဆွစ်ဖရန့် ၁၇ သန်းတန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၊ အာဆီယံနိုင်ငံများက USD ၇ ဒသမ ၃ သိန်းတန်ဖိုးရှိ အစားအစာ နှင့် လူသုံးကုန်ပစ္စည်းများ၊ UNHCR လူငယ် အဖွဲ့က ကျပ် ၄၄၃ ဒသမ ၇၅ သန်းတန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၊ MA-UK Myanmarက ကျပ် ၇၉ ဒသမ ၀၅ သန်း တန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ကူညီထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၃၁ ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာဒေါ်မြသူ သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န် ကြီးများအား သွားရောက်တွေ့ ဆုံခဲ့ကြောင်း နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ရာ ရခိုင်ပြည်နယ်အစိုးရဘက်မှ ပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေး ပါရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်း များအတွက် နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ ရပ်ရွာလူထုအတွက် လုပ်ငန်းများ လည်ပတ်ဆောင် ရွက်ရန် ငွေသားကူညီထောက်ပံ့ပေးခြင်း၊ ရေအရင်းအမြစ်များကို အသစ်ဆောင် ရွက်ပေးခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ရွေ့လျားဆေးခန်းများဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးခြင်း အစရှိသည့် ရပ်ရွာလူထုအခြေပြု ဘေးဒဏ်ကြံ့ကြံ့ခံနိုင် စွမ်းကိုမြှင့်တင်ပေးနေသည့် လုပ်ငန်းများကို လည်းတင်ပြခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် လူမှုကရုဏာဆိုင်ရာအကူအညီ များ ထိထိရောက်ရောက်ပေးနိုင်ရန် ပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် အရေးပေါ်လိုအပ်နေသော တာပေါ်လင်များ၊ စားနပ်ရိက္ခာများထောက်ပံ့ ခြင်း၊ သောက်သုံးရေရရှိရေးကူညီပေးခြင်းများအပါအ၀င် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ ယာယီကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများပါ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိအထိ ရခိုင်ပြည်နယ်တွင် အကူအညီလိုအပ် သူများကို ရှေးဦးပြုစုပေးခြင်းနှင့် ဆေးရုံသို့ ညွှန်းပို့ပေးခြင်း၊ ယာယီစခန်းများတွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ သောက်သုံးရေနှင့် ဆိုလာမီးအိမ် များ၊ တစ်ကိုယ်ရေသန့်ရှင်း ရေးသုံးပစ္စည်းများ၊ ခြင်ထောင်များ စသည့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ကြက်ခြေနီအခြေခံမူများနှင့်အညီ ပံ့ပိုးပေးလျက်ရှိကြောင်းလည်း သိရသည်။

အိသဉ္ဇာကျော်
Eleven Media Group


0 comments:

Post a Comment